|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကမ္ဘာ့အကောင်းဆုံး စာရေးဆရာ ငါးဦးတွင် တစ်ဦးအပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံရသော Ja waharlal Nehru ရေးသားသည့် Letter From A Father To His Daughter စာအုပ်ကို အင်္ဂလိပ် + မြန်မာ ၂ ဘာသာ ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။ အိန္ဒိယ ခေါင်းဆောင်ဟောင်းဖြစ်သူ နေရူးက သူ့သမီးဖြစ်သူ (ထိုစဉ်က ၁ဝ နှစ်အရွယ်သာ ရှိသေးသည့်) အင်ဒီယာဂန္ဓီထံသို့ ပေးသောစာများဖြစ်ကြသည်။ ကမ္ဘာ့သမိုင်းနှင့် နေရူး၏ အမြင်သစ်ကို ၁ဝ နှစ်အရွယ် သူ၏သမီး နားလည်နိုင်အောင် ရှင်းရှင်းနှင့် ကျဉ်းကျဉ်းရေးပြထားသည်ကို တွေ့ရသည်။ သမိုင်းအစကို ဘယ်လို ရေးခဲ့သလဲ၊ မြေပထဝီဖြစ်ပေါ်လာပုံ၊ အစဦး သက်ရှိအရာဝတ္ထုများ၊ တိရစ္ဆာန်များ ဘယ်တုန်းက ပေါ်လာသလဲ၊ လူ ဘယ်တုန်းက ပေါ်လာသလဲ၊ ကမ္ဘာဦးလူ၊ လူမျိုး အသီးသီး ပေါ်ပေါက်လာပုံ၊ လူ၏ အမျိုးနှင့် ဘာသာစကား၊ ဘာသာစကားများ အချင်းချင်း ဆက်သွယ်မှု၊ ယဉ်ကျေးမှု ဆိုသည်မှာ၊ ဘာသာတရား၏ အစနှင့် အလုပ်ခွဲဝေမှု၊ လူမျိုးစုခေါင်းဆောင် ဖြစ်ပေါ်လာပုံ၊ ခေါင်းဆောင်၏ အာဏာတန်ခိုး၊ ယဉ်ကျေးမှု အစ၊ ကမ္ဘာကြီးမြို့ကြီးများ၊ အီဂျစ်၊ ကရိ(တ်)၊ တရုတ်၊ အိန္ဒိယတို့အကြောင်း၊ ပင်လယ်ခရီးနှင့် ကုန်ကူးသန်းရောင်းဝယ်မှု၊ ဘာသာစကား၊ အရေးအသား၊ ဂဏန်းသင်္ချာအကြောင်း၊ လူတန်းစားအမျိုးမျိုးအကြောင်း၊ ဘုရင်၊ ဘုရားဝတ်ကျောင်း၊ ဘုန်းကြီးတို့အကြောင်း၊ အာရယန်လူမျိုးများ အိန္ဒိယသို့လာရောက်ပုံ၊ ရာမယဏနှင့် မဟာဘရတအကြောင်းတို့ကို ပေးစာ ၃ဝ စောင်တို့တွင် အကျယ်တဝင့် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|