|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: Michiro Maruyama ရေးသားသည့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သော Anatahan စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မာရီယာနာကျွန်းစု၏အလယ် ဆိုက်ပန်ကျွန်း၏ မြောက်ဘက် မိုင် ၆ဝ အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိပြီး လူ့ရပ် လူ့ရွာ လူ့ဌာနေနှင့် ပြောင်းလဲဖြစ်ပေါ်နေသော သမိုင်းဖြစ်စဉ်တို့မှ ကင်းဝေးနေသည့် “အနာတဟန်”ကျွန်းကြီးပေါ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက (၇) နှစ်တိုင်တိုင် သောင်တင်နေခဲ့သော ဂျပန်စစ်သား ၁၉ ဦး၏ မျိုးချစ်စိတ်, မျိုးချစ်မာန်နှင့် ခက်ခဲကြမ်းတမ်းသည့်ဘဝကို ရသမြောက်စွာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အမျိုးသမီးတစ်ဦးပါဝင်သည့် သူတို့လူစုသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည်ကိုလည်း မသိ၊ ပြောသည်ကိုလည်း လက်မခံ၊ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရသည့်တိုင် ရန်သူ့အသံကြားလျှင် ရှိသည့်လူ၊ ရရာ လက်နက်ဖြင့် အညံ့မခံဘဲ ဇာတိမာန် ပြခဲ့ကြပြီး ကျွန်းပေါ်တွင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။ နောက်ဆုံးတွင် ဂျပန်နိုင်ငံမှ မြို့ပြအုပ်ချုပ်ရေးမှူး၏ စာကြောင့် သူတို့လူစုသည် လက်နက်ချခဲ့ကြသည်။ ထိုဂျပန် ၁၉ ဦး၏ ကျွန်းပေါ်နေထိုင်မှုဘဝဖြစ်စဉ်များကို ဤစာအုပ်တွင် အသေးစိတ် လေ့လာကြရမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူ စိန်ခင်မောင်ရီသည် ဤစာအုပ်ဖြင့် ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန် (သုတ))ကို ရရှိခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|