|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကလေးတွင် ဗြိတိသျှအစိုးရလက်ထက်၌ ဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဝန်ကြီးဘဝမှ နုတ်ထွက်ကာ ကရင်အမျိုးသားရေးအတွက် လက်နက်ကိုင်တော်လှန်ရာ၌ စစ်တပ်၏ ချောင်းမြောင်းလုပ်ကြံခြင်းခံရသော သူပုန်ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဘဦးကြီး၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စောဘဦးကြီး၏ မွေးဖွားချိန်မှသည် လုပ်ကြံခံရချိန်အထိ ဘဝဖြစ်စဉ်အပြင်၊ သူ၏ ခေါင်းဆောင်မှုဖြင့် တည်ရှိလာခဲ့သော (K.N.U) အဖွဲ့အကြောင်း၊ နိုင်ငံရေး, စစ်ရေးလှုပ်ရှားမှုများနှင့် လူမျိုးစုများ၏ နိုင်ငံရေးပြဿနာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ပြင် (ဖဆပလ) ပဏာမ ပြင်ဆင်မှုညီလာခံနှင့် တိုင်းပြုပြည်ပြုလွှတ်တော် ပထမအကြိမ်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော စာတမ်း၊ ၁၉၆၁ ခုနှစ် တောင်ကြီးပြည်နယ်ပေါင်းစုံ ညီလာခံတွင် (ရှမ်းပြည်ကိုယ်စားပြု) ဦးထွန်းမြင့် (တောင်ကြီး) တင်သွင်းသော စာတမ်း၊ ၁၉၈၉ ခုနှစ် ပြည်ထောင်စုနေ့ နှစ် (၅ဝ) ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းကြည် တင်ပြသော စာတမ်း၊ (U.N.L.D, L.A)ညီလာခံတွင် ဆလိုင်းလျန်မုန်းတင်ပြသော အဓိကစာတမ်းနှင့် တစ်ဦးချင်းစီ၏ အတွေးအမြင်များကိုပါ ပူးတွဲတင်ပြပေးထားသည့်အတွက် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် ကရင်အမျိုးသားများ၏ လှုပ်ရှားမှုသမိုင်းကို လေ့လာလိုသူတိုင်း ဖတ်ရှုလေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|