|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စစ်အာဏာရှင်ခေတ်က ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကြုံဆုံလက်တွဲခဲ့ရသည့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအကြောင်းကို ဂုဏ်ပြုမှတ်တမ်းတင် ရေးသားထားသော စာအုပ်ဖြစ်သည်။ လူချင်လူခင်များသလောက် လူမုန်းလည်း များသော်လည်း အားလုံး၏ လေးစားခြင်းကို ခံရသူ ဒေါက်တာဇော်မြင့်မောင်၊ ဒီမိုကရေစီရေးအတွက် မိသားစုဘဝနှင့် အနာဂတ်တစ်ခုလုံး ပေးဆပ်ခဲ့သူ ကိုသက်နိုင်၊ NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးမောင်ကို၏ သမီး မမချို (ခေါ်) ဒေါ်မြင့်မြင့်စန်း၊ သောကများကြား ရိုးရှင်းကြည်လင်သည့်မျက်နှာပိုင်ရှင် မဖြူဖြူသင်း၊ လူနုသလောက် စိတ်ဓာတ်ခက်ထန်မာကြောသူ မစုစုနွေး၊ မြန်မာဆန်၍ ယဉ်ကျေးဖော်ရွေ စိတ်ထားနူးညံ့သိမ်မွေ့သော်လည်း နိုင်ငံရေးခံယူချက် ခိုင်မာပြတ်သားပြင်းထန်သူ မခင်ထားရီ၊ ရှစ်လေးလုံးအရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သလို အရေးအခင်းပြီးနောက် ၈၈ အင်အားစုများကို နောက်ကွယ်က ကူညီပေးခဲ့သူ ကိုသိမ်းဆွေ၊ NLD ပါတီ၏ မှတ်တမ်းတင်ဓာတ်ပုံကင်မရာသမား ဓာတ်ပုံ ကိုဆန်နီ၊ စာရေးသူ ရိုက်ကူးသမျှ Videoများကို DVB သို့ အရဲစွန့်အရောက်ပို့ပေးခဲ့သူ ကိုဝင်းမော် (ရွှေသံစဉ်)၊ သံမဏိစိတ်ဓာတ်ဖြင့် နိုင်ငံရေးသဘောထားခံယူချက် ခိုင်မာပြင်းထန်သူ ကိုမျိုးမင်းဇော်၊ ကျောင်းဆရာဘဝမှ ရှားရှားပါးပါး တော်လှန်ရေးသမားအဖြစ် ဖောက်ထွက်လာခဲ့သူ ဖိုးအောင် (ခေါ်) အောင်အောင်ကျော်၊ နိုင်ငံရေးသမားများ နိုင်ငံရေးလောကကို ရှောင်ဖယ်စွန့်ခွာချိန်၌ NLD ပါတီ၌ အတက်ကြွဆုံး သစ္စာရှိရှိ ရပ်တည်ပေးခဲ့သူ ကိုမျိုးခင်၊ နိုင်ငံရေးပျက်လုံးများနှင့် အစိုးရကို ထိုးနှက်နိုင်ခဲ့သူ လူရွှင်တော် ပါပါလေး အစရှိသူများအကြောင်းကို ဤစာအုပ်မှတဆင့် အကဲခတ်ခွင့် ရကြမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|