|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ခေတ်အလိုက် ကဗျာအမျိုးအစားအသီးသီးတွင် စံတင်လောက်အောင် ထင်ရှားခဲ့သော စာဆိုများရှိရာ ပျို့ကဗျာတွင် ရှင်မဟာသီလဝံသ၊ တျာချင်းတွင် ဝန်ကြီး ပဒေသရာဇာ၊ ရတုတွင် တောင်ငူဘုရင် နတ်ရှင်နောင်၊ အိုင်ချင်းတွင် တောင်တွင်းရှင်ငြိမ်းမယ်၊ သံချိုတွင် မောင်းထောင်ဦးကျော်လှဟု ဆိုကြသည်။ ယခုစာအုပ်တွင် အကြားအမြင်များသော သုတမယဉာဏ်၊ တွေးခေါ်ကြံဆတတ်သော စိန္တာမယဉာဏ်၊ ထက်မြက်သော တိက္ခဉာစ်၊ နက်နဲသော ဂမ္ဘီရဉာဏ်၊ လျင်သော ဇဝနဉာဏ်၊ ရုတ်တရက် ကောက်ကာငင်ကာရသော တင်္ခဏုပ္ပတ္တိဉာဏ်များ ရှင်သန်လက်ရှိသော မောင်းထောင်ဦးကျော်လှ၏ သံချိုများကို ကဏ္ဍအလိုက်တူရာစုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဘုရားဆင်းတုတော်, စေတီပုထိုးဆိုင်ရာ၊ တရားဓမ္မဆိုင်ရာ၊ ရဟန်းသံဃာတော်များနှင့်ဆိုင်ရာ၊ ဘုရင်မင်းတို့နှင့်ဆိုင်ရာ၊ ပြိုင်ဖက်စာဆိုတို့နှင့်ဆိုင်ရာ၊ အခြားပုဂ္ဂိုလ်တို့နှင့် ဆိုင်ရာ၊ လူမှုပတ်ဝန်းကျင် အခြေအနေဆိုင်ရာ၊ ဗေဒင်နက္ခတ်လောကီကျမ်းဂန်ဆိုင်ရာ၊ သဘင်ရောရာ၊ မြင်းတစ်စီးချင်းဆိုင်ရာသံချို ၁၆၈ ပုဒ်နှင့် အခြားသံချို ၂၂ ပုဒ် ပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|