|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာသမိုင်းပုံ (Myanmar History Told in Pictures)
-
-
Author(s):
ဒေါက်တာသန်းထွန်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 192
- Binding: Paperback
- Publication Month Year: Jun-2024
- Size: 16 cm x 21 cm
|
- Description: ရှေးခေတ်မြန်မာ့သမိုင်း ရာဇဝင်များနှင့် ရှေးအဖြစ်အပျက်များကို သက်သေအထောက်အထားများနှင့်တကွ ရှင်းလင်းတင်ပြထားခြင်း ဖြစ်သည်။ ၁၅၂၀ ပြည့်နှစ်တွင် ရှင်မဟာသီလဝံသ ရေးသားခဲ့သည့် ‘ရှေးရာဇဝင်ကျော်’၊ ၁၇၂၀ ပြည့်နှစ်တွင် ဦးကုလား ရေးသားခဲ့သည့် ‘ရာဇဝင်ကြီး’ နှင့် ဘုရင်စစ်ကိုင်းမင်း အမိန့်တော်ဖြင့် ၁၈၂၉ ခုနှစ်တွင် ရေးသားခဲ့သည့် ‘မှန်နန်းရာဇဝင်’များတွင် ပါရှိသည်များနှင့် လုံးဝမပတ်သက်သည့် သမိုင်းကို အရုပ်ဖြင့် အဓိကထား တင်ပြထားပြီး မလွဲသာမှသာ စာဖြင့် ရှင်းလင်းထားသည်ဟု ဆရာကြီးက ဆိုထားပါသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၅၀၀ ခန့်ကတည်းက မြန်မာဟုခေါ်သည့်နေရာတွင် မြစ်ကြီးနားမှ ကယားအထိ မြေပြင်များ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း၊ လူသားများ စတင်ဖြစ်ပေါ်လာပုံ၊ တိရစ္ဆာန်များ ဆင့်ကဲဖြစ်ပေါ်လာပုံ၊ အသုံးအဆောင်များနှင့် ငွေကြေးများ၊ လက်နက်ပစ္စည်းများ ဆင့်ကဲဖြစ်ပေါ်လာပုံ၊ မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များ၊ ပုဂံသာသနာတော် အထောက်အထားများကိုလည်း ဖတ်ရှုကြရမည် ဖြစ်သည်။ မြန်မာ့သမိုင်းကို စိတ်ဝင်စားသည့်လူငယ်များနှင့် သမိုင်းသုတေသီများအတွက် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|