|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အိပ်မက်ရွာ
-
-
Author(s):
နေမင်းနိုင်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 488
- Binding: Paperback
- Publication Month Year: Aug-2022
- Size: 14 cm x 21 cm
|
- Description: တရုတ်စာရေးဆရာ Yan Lianke ၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သည့် Dream of Ding Village ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပျံ့နှံ့နေသည့် ဟဲနန်လွင်ပြင်ဒေသက တင်းရွာမူလတန်းကျောင်းတွင် ရောဂါခြေချုပ် (Quaratine) ဝင်နေရသည့်ရောဂါသည် အချင်းချင်းကြားက ကျင့်ဝတ်နှင့်မညီသည့် လွမ်းမောစရာအချစ်ဇာတ်လမ်းကို တရုတ်ကျေးလက်ဒေသ၏ ရိုးရာယုံကြည်မှု၊ လူသားအချင်းချင်း ကူညီရိုင်းပင်းမှု၊ သေခြင်းတရားနှင့် လူ့ဂုဏ်သိက္ခာ၊ လူသားတို့၏ လောဘ၊ ဒေါသနှင့် အာဏာကို ရူးသွပ်မှု၊ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်မှု စသည့် လူ့သဘာဝများဖြင့်များဖြင့် ရက်ယှယ်ထားသည့် ဝတ္ထုဖြစ်သည်၊၊ ဝတ္ထုကို ၂ဝဝ၆ ခုနှစ်တွင် ဟောင်ကောင်၌ စတင်ထုတ်ဝေခဲ့ပြီး ‘‘အေအိုင်ဒီအက်စ် ရောဂါအပေါ် ကြောက်လန့်တကြားဖြစ်စေမှုနှင့် ဆိုးကျိုးများကိုသာ ချဲ့ကားကာ အမှောင်ဘက်ခြမ်းကိုသာ ရေးသားထားသည်’’ ဟူသော အကြောင်းပြချက်များဖြင့် တရုတ်ပြည်မတွင် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရသည်။ အိပ်မက်ရွာဝတ္ထုသည် တရုတ်ပြည်၏ သမိုင်းဖြစ်ရပ်တစ်ခုကို ပထမဦးဆုံး ဖွင့်ထုတ်ဖော်ပြလိုက်သည့် စာအုပ်ဖြစ်သလို တရုတ်ပြည်ကြီး၏ ဖွံဖြိုးတိုးတက်မှုသို့ ချီတက်ရာ လမ်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် ရက်စက်
ကြမ်းကြုတ်မှုများနှင့် အစတေးခံခဲ့ရသည့် ဘဝများကို ဝေဖန်သရော်သည့် ဝတ္ထုဖြစ်သည်ဟု စာပေဝေဖန် ရေးဆရာတို့က သုံးသပ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|