|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ယနေ့ကမ္ဘာ စတင်ခံစားနေကြရသော မုန်တိုင်းပိုတိုက်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ မိုးခေါင်ခြင်းစသည့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များသည် လာမည့်နှစ်ပေါင်းများစွာအတွင်း ပို၍ ဆိုးရွားလာရန် ရှိသည်။ ယင်းဒဏ်ကို အများဆုံးခံကြရမည့်သူများမှာ ယခုဆယ်ကျော်သက်အရွယ်သို့ စ ရောက်နေသူများနှင့် သူတို့၏အောက် ကလေးငယ်များ ဖြစ်ကြသည်။ ယခုစာအုပ်သည် ကလေးတို့အတွက် ရည်ရွယ်၍ ရာသီဥတုပြောင်းလဲမှု အခြေခံများအပြင် ယင်းဒဏ်မှ သက်သာရာ ရစေရန် သူတို့လည်း တစ်နိုင်တစ်ပိုင် မည်သို့ လုပ်ဆောင်နိုင်ပုံ၊ မည်သို့ လုပ်ဆောင်သင့်သည်တို့ကို အကြုံပြုထားခြင်း ဖြစ်သည်။ ကလေးများအတွက် ရည်ရွယ်ခြင်းဖြစ်၍ ဖြစ်နိုင်သမျှ အလွယ်ဆုံးအရှင်းဆုံး ဝေါဟာရများကို ရွေးချယ်အသုံးပြု၍ ကလေးငယ်တို့ စိတ်ဝင်စားမည့် ဓာတ်ပုံ သရုပ်ဖော်ပုံများနှင့် ပူးတွဲကာ တစ်အုပ်လုံး ရောင်စုံ ပုံနှိပ်ထားသည်။ သီးခြားဖွင့်ဆိုရန် လိုသည်ဟု ယူဆသော ဝေါဟာရရှင်းလင်းချက်များကို စာအုပ်နောက်ပိုင်း၌ ဖော်ပြထားသည်။ အခန်းတိုင်း၏ နောက်တွင် ထည့်သွင်းထားသော အမေးအဖြေများ၊ ကွက်လပ်ဖြည့်နှင့် အမှားအမှန်ရွေး လေ့ကျင့်ခန်းများ၊ ဉာဏ်စမ်းများကို ဖြေဆို လေ့ကျင့်ခြင်းဖြင့် ရှေ့ပိုင်းပါ အကြောင်းအရာများကို ပိုမို ထဲထဲဝင်ဝင် သဘောပေါက် နားလည်စေမည် ဖြစ်သည်။
|
|
|
|
|
|