|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ‘ဧရာဝတီလင်းပိုင်’ ဟု ခေါ်သည်။ ဧရာဝတီလင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စ‚တင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးရှိ ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီလင်းပိုင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World Wild Life Conservation Society တို့က ထိန်းသိမ်းထားသော အကောင် ၇၀ ခန့် ရှိသည်။
ရှားပါးမျိုးတုံးတော့မည်ဖြစ်သော ဧရာဝတီလင်းပိုင်များကို ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ကမ်းရိုးတန်းဒေသများဖြစ်သည့် မဲခေါင်မြစ်၊ အိန္ဒိယ အရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ ဤစာအုပ်ငယ်တွင် ဧရာဝတီလင်းပိုင် တွေ့ရှိနိုင်သော ဒေသများ၊ တွေ့ရှိမှုသမိုင်းနှင့် မှတ်တမ်းများ၊ ဧရာဝတီလင်းပိုင်များ၏ ထူးခြားမှု၊ ရေလုပ်သားများနှင့် ပူးတွဲငါးဖမ်းပုံ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဧရာဝတီမြစ် ကာကွယ်ရေးအကြောင်းများကို မှတ်တမ်းဓာတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|