|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မန္တလေး၊ မဟာမုနိဘုရားကြီး မြန်မာမှုအနုပညာလက်ရာများနှင့် ရှေးဟောင်းပစ္စည်းများ
-
-
Author(s):
မဟာမုနိဘုရားကြီးဂေါပကအဖွဲ့
- Type: Myanmar Books
-
Category:
အနုပညာ / ဖျော်ဖြေရေး
- No of Pages: 202
- Binding: Paperback
- Publication Month Year: Oct-2022
- Size: 19 cm x 25 cm
|
- Description: မဟာမုနိ ရုပ်ပွားဆင်းတုတော်ကြီးသည် မြန်မာပြည်၌ ရှေးအလွန်ကျသော နိမ္မိတရုပ်ပွားတော်ဖြစ်သည်။ ဟာမုနိရုပ်ပွားတော်၏ ဂုဏ်သတင်းကြောင့် ခေတ်ကာလများစွာကပင် ပင့်ဆောင်
ကိုးကွယ်လိုသော ဆန္ဒဖြင့် သီရိခေတ္တရာ၊ ပုဂံ၊ ဟံသာဝတီ၊ ပဲခူးမင်းများသည် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ချေ။ ဗဒုံမင်းလက်ထက်မှသာ ရခိုင်ပြည်မှ အမရပူရသို့ ရေလမ်း ကုန်းလမ်းဖြင့် ၄ လတိုင်ကြာ ပင့်ဆောင်နိုင်ခဲ့ပြီး နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မဟာမုနိရုပ်ရှင်တော်မြတ်သည် မန္တလေးသို့ ရောက်သူတိုင်း ဝင်ရောက်ဖူးမြှော်ရာ ဘုရားစေတီတစ်ဆူ ဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်ကစပြီး တိုင်းပြည်အနှံ့ လာရောက်လှူဒါန်းခဲ့ကြတဲ့ ပစ္စည်းတွေကို မဟာမုနိဘုရားကြီးပတ်လည်တွင် ပိဋကတ်တော်တိုက်နဲ့ ပြတိုက်မှာများဆောက်လုပ်ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြရာ အဖိုးကြီးလှသည့် ပေ၊ ပုရပိုက်၊ ကမ္မဝါစာ၊ စာစည်းကြိုး၊ စာထုပ်ပဝါ၊ ကမ္ပလွေ (စာပေလွေ)၊ စာပုလွေကြိုးတွေအပြင်
ယွန်းထည်၊ ငွေထည်၊ ငွေပန်းခိုင်၊ ငွေပဒေသာပင်လက်ရာတွေနှင့် မိုးညှင်းစော်ဘွားကြီးလှူဒါန်းခဲ့တဲ့ ပစ္စည်းများကို ဤစာအုပ်တွင် ဓာတ်ပုံများနှင့်တကွ မှတ်တမ်းတင်ထားသည်။ ထို့ပြင် ဘုရားကြီး၏ စောင်းတန်းလေးသွယ်ထဲမှ တောင်စောင်းတန်းနဲ့ အနောက်စောင်းတန်းလိုဏ်အတွင်း ယခုတိုင်ကျန်ရှိနေသေးသည့် ရတနာပုံခေတ်နှောင်းလက်ရာ နံရံဆေးရေးပန်းချီဖြစ်သော ထီးဖြူရုံနှင့် သဘင်ခံတဲ့မြင်ကွင်းလက်ရာ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံတော်ကားများ၊ ရတနာပုံခေတ်နှောင်း ဆင်ယင်ထုံးဖွဲ့ပုံ၊ မြန်မာဘုရင်လက်ထက် စံမြန်းခဲ့တဲ့ အဆောင်ဆောင်အခန်းခန်းသော ရွှေအိမ်ရွှေနန်း၊ မြို့ရိုး၊ ကျုံး၊ ပစ္စင်၊ ရင်တား၊ လွှတ်တက်ပုံ၊ တရားစီရင်ပုံ၊ လယ်ထွန်မင်္ဂလာထွက်ပုံ၊ သဘင်ခံပုံတို့ကိုထည့်သွင်း ဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|