|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၁၄ နှစ်သားကတည်းက အမှုတစ်ခုနဲ့ စတင်ရင်ဆိုင်ရပြီး အသက် ၃၀ အရွယ်တွင်၌ပင် ထောင်ထဲ ၉ ခါ အဝင်အထွက် လုပ်ပြီးသူ၊ သူထောင်ကျရခြင်း အကြောင်းရင်းကို လူထုဦးလှက “အားလုံးကောင်းကြရဲ့လား” ဆိုသည့်အမည်နှင့် စာအုပ်ရေးအသက် ၃၀ အရွယ်တွင်ပင် ထောင်ထဲ ၉ ခါ အဝင်အထွက် လုပ်ပြီးတဲ့ ချစ်သဲ။ ချစ်သဲ ထောင် ၉ ခါကျရခြင်း အကြောင်းကို လူထုဦးလှက “အားလုံးကောင်းကြရဲ့လား” ဆိုတဲ့အမည်နဲ့ စာအုပ်ရေးခြင်း ခံရသူ၊ လူအငှားရိုက်ပေးခြင်းတာ၊ ခိုးဝှက်လုယက်ခြင်း၊ ချွေးတပ်အငှားလိုက်ခြင်း စသည့် လူဆိုးလူပေတို့ရဲ့ အလုပ်တွေကို ကျင်လည်စွာ လုပ်ကိုင်ရင်း ထောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြစ်လာသူ၊ ထောင်ထဲမှာလည်း ထောင့်အဌာရသတွေ ကျွမ်းကျင်စွာ တတ်မြောက်ရင်း ထောင်မင်းသား ဖြစ်လာသူ “ချစ်သဲ” ဆိုသူ၏ ဘဝဇာတ်ကြောင်းဖြစ်သည်။ နိုင်ငံရေးပုဒ်မဖြင့် ဆရာမြသန်းတင့် ကိုကိုးကျွန်းမှ အင်းစိန်ထောင် ရောက်လာတဲ့အချိန်မှာ ထောင်ထဲကို ၁၀ ကြိမ်မြောက် ရောက်လာသည့် “ချစ်သဲ”နှင့် တွေ့ဆုံမိခဲ့ပြီး သူ၏ ဘဝဇာတ်ကြောင်းကို လုံးစေ့ပတ်စေ့ ပြောပြရာမှ ဤစာအုပ် ရေးသားဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၉ ကြိမ်မြောက် ထောင်ကလွတ်ပြီး နောက်ပိုင်း တောလူချမ်းသာတွေအတွက် အငှားလူမိုက်လုပ်ပေးခြင်း၊ အစိုးရနှင့် အခြားလက်နက်ကိုင်တပ်များကြား နှစ်ဖက်လုံးကို အယုံသွင်းပြီး လိမ်ခဲ့ပုံ၊ ဘုရားပွဲတွေမှာ ကစားဝိုင်းဒိုင်လုပ်ခဲ့ပုံ၊ ဇာတ်ထဲ မန်နေဂျာရာထူး တစ်နေရာ ရပြီး မင်းသားကို အန္တရာယ်ပေးခဲ့ပုံ၊ ဇာတ်မင်းသမီးနဲ့ သံယောဇဉ်ဖြစ်၊ လက်ကြောမတင်းတဲ့ ချစ်သဲအဖို့ ငွေရပြီး လွယ်လွယ်ပြန်ကုန်ခဲ့ပုံ၊ မထင်မှတ်တဲ့ ကိစ္စကနေ ၁၀ ကြိမ်မြောက် ထောင်ကျရတဲ့ အဖြစ်အပျက် အစရှိသည်တို့ကို စာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
|