|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး
-
-
Author(s):
မောင်အံ့ (မဟာဝိဇ္ဇာ၊ဘုံဘေ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 601
- Binding: Paperback
- Publication Month Year: Feb-2010
- Size: 13 cm x 20 cm
|
- Description: ဗုဒ္ဓသာသနာသမိုင်းကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြဆိုထားသော စာအုပ်ဖြစ်သည်။ ပထမသင်္ဂါယနာမှသည် တတိယသင်္ဂါယနာအထိ အဖြစ်အပျက်များ၊ ဝေဘဿိကဂိုဏ်း၊ မဇ္ဈိမိကဂိုဏ်း၊ မဟာယာနဂိုဏ်း၊ တန္တရယာနဂိုဏ်း၊ မန္တရယာနဂိုဏ်းအပါအဝင် ဗုဒ္ဓဘာသာ ဂိုဏ်းကြီးများအကြောင်း၊ အိန္ဒိယပြည်၌ ဗုဒ္ဓသာသနာကွယ်ပုံ၊ တရုတ်၊ ဂျပန်၊ နီပေါ၊ တိဗက်ပြည်များမှ ဗုဒ္ဓသာသနာ၊ ထေရဝါဒနှင့် ဂိုဏ်းကွဲများသမိုင်း၊ နောက်ဆက်တွဲအနေဖြင့် နတ်ပြည်၌ မဂ်ဖိုလ်ရအောင်ကျင့်မှု၊ ရဟန္တာ၌ သုတ်သွေးရှိ မရှိ၊ ပဋိသန္ဓေအခိုက်၌ ရဟန္တာဖြစ်မှု၊ ကသိုဏ်းရှုသူ၏ ဖောက်ပြန်မှု၊ ဈာန်ကိုသာယာမှု၊ သီလသည် စိတ်နောက်သို့ လိုက် မလိုက်၊ ဗုဒ္ဓအစစ်သည် လူ့ပြည်သို့မကြွအပါအဝင် ဝါဒရေးရာတို့၌ ထိုဂိုဏ်းကြီးများ အငြင်းပွားမှုကို လေ့လာချက်များကို ဤစာအုပ်တွင် အသေးစိတ် လေ့လာသုံးသပ်တင်ပြထားသည်။ ၁၉၇၇ ခုနှစ်ကတည်းက စတင်ရိုက်နှိပ်ခဲ့ရာ ယခုအချိန်အထိ အကြိမ်ကြိမ်ပြန်ရိုက်ခဲ့ရပြီး ဗုဒ္ဓကျမ်းဂန်များ၏ ရည်ညွှန်းကျမ်းအဖြစ် ညွှန်းဆိုခြင်းခံရသော စာအုပ်လည်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|