|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဗိုလ်ချုပ်အောင်ဆန်း၏ အမွိုင်သို့ လျှို့ဝှက်ခရီး
-
-
Author(s):
သုတေသီမြင့်ထွန်း
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 170
- Binding: Paperback
- Publication Month Year: Dec-2011
- Size: 9 cm x 16 cm
|
- Description: လွတ်လပ်ရေးကြိုးပမ်းမှုကာလက ဗိုလ်ချုပ်အောင်ဆန်းသည် သူ့အား ဖမ်းဝရမ်းထုတ်ထားခြင်းကြောင့် မြေအောက်တွင်ပုန်းအောင်းနေရာမှ တရုတ်ကွန်မြူနစ်တို့၏ အကူအညီရယူ၍ အင်္ဂလိပ်ကို တော်လှန်ရန် ဆုံးဖြတ်ကာ တရုတ်ပြည်သို့ လျှို့ဝှက်ခရီးထွက်ခဲ့သည်။ ယခုစာအုပ်တွင် ဗိုလ်ချုပ်တရုတ်ပြည်သို့ မထွက်ခွာမီ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် အင်္ဂလိပ်တို့၏ နှိပ်ကွပ်မှု၊ တရုတ်ပြည် အမွိုင်သို့ ထွက်ခွာရန် သည်းထိတ်ရင်ဖို စီစဉ်ခဲ့ရပုံများ၊ အမွိုင်တွင် အင်္ဂလိပ်စစ်သားများ၏ အဖမ်းခံရသော်လည်း လက်မတင်ကလေး လွတ်မြောက်ခဲ့ပုံ၊ အမွိုင်တွင် အချိန်အတော်ကြာ သောင်တင်ခဲ့ပုံ၊ မျှော်လင့်သလို တရုတ်ကွန်မြူနစ်ကို အားကိုးမရပုံကို သိလာရပုံ၊ ဂျပန်နှင့် အဆက်အသွယ်များ ရခဲ့ပုံ၊ ဂျပန်ပြည်သို့ သွားရောက်၍ ဂျပန်ခေါင်းဆောင်များနှင့် ဆွေးနွေးပြီး ပြည်တွင်းရှိ ရဲဘော်သုံးကျိပ်ကို လျှို့ဝှက် ရေလမ်း၊ ကုန်းလမ်းခရီးများဖြင့် ခေါ်ထုတ်ပုံနှင့် စစ်ပညာသင်ပြီးနောက် ဂျပန်စစ်တပ်နှင့်အတူ မြန်မာပြည်သို့ဝင် အင်္ဂလိပ်တို့အား တိုက်ထုတ်ပုံများကို စိတ်ဝင်စားဖွယ်ရေးသားထားသည်။ နောက်ဆက်တွဲအနေဖြင့် ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားထားသည့် ၁၉၄၆ ခုနှစ်ထုတ် ဗမာ့ခေတ် သတင်းစာပါ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံဆောင်းပါးကိုပါ ဖော်ပြထားသည်။ ထိုဆောင်းပါးသည် မြန်မာ့နိုင်ငံရေးနှင့် ကမ္ဘာ့နိုင်ငံရေးအပေါ် ဗိုလ်ချုပ်၏ လေ့လာသုံးသပ်ချက်၊ တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်၏ ကိုယ်တွေ့ဖြစ်ရပ်များ၊ ဗိုလ်ချုပ်၏ ဂျပန်များအပေါ် သဘောထားများကို ဖတ်ရှုရမည်ဖြစ်သည်။ စာအုပ်ပါ အချက်အလက်များ ခိုင်လုံစေရန် စာရေးသူက ဗိုလ်ချုပ်နှင့် သခင်လှမြိုင်တို့ တရုတ်ခရီးစဉ် အဆင်ပြေအောင် ကိုယ်တိုင်စီစဉ်ပေးခဲ့သည့် ၁၉ လမ်းမှ ဦးကျော်ခင်နှင့် အခြား ပတ်သက်သူများကို ကိုယ်တိုင်တွေ့ဆုံ၍ မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|