|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၁၆ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝအစ၌ပင် မြန်မာပြည်၏ ပထမဆုံးသော ကျောင်းသားသမဂ္ဂအသင်းဖြစ်သည့် ကြည့်မြင်တိုင် ကျောင်းသားသမဂ္ဂကလပ်ကို စ,တင်တည်ထောင်ခဲ့သူ၊ ၁၉၂ဝ ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်ခဲ့သူ၊ အမျိုးသားကျောင်းဆရာကြီး၊ အမျိုးသားပညာရေးကောင်စီ လူကြီးစသည်ဖြင့် အမျိုးသား ပညာရေးစနစ် ထူထောင်မှုအတွက် ဆင်းရဲအနစ်နာခံ ဆောင်ရွက်ခဲ့သူ၊ ၉၁ ဌာန အုပ်ချုပ်ရေး ရွေးကောက်ပွဲ၌ သာယာဝတီတောင်ပိုင်း အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူ၊ လွှတ်တော်ရှေ့နေတစ်ဦးအဖြစ် ရှေ့နေပညာကို အသုံးချကာ နယ်ချဲ့ကို နည်းမျိုးစုံဖြင့် တော်လှန်ခဲ့သူ၊ ဗိုလ်အောင်ကျော် အရေးအခင်းဖြစ်သောအခါ လွှတ်တော်အမတ်အဖြစ်မှ ချက်ချင်း နုတ်ထွက်ဆန္ဒပြခဲ့သူ၊ ဂျပန်ခေတ်တွင် ဂျပန်ရုပ်သေး အစိုးရ၌ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သော်လည်း မြေအောက်စည်းရုံးရေးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အစွမ်းကုန် ကူညီခဲ့သူ၊ လူကိုကြည့်လျှင် ပျော့သည်ဟု ထင်ရသော်လည်း မူနှင့် ပတ်သက်လာပါက အလျှော့မပေးတတ်သူ၊ ဗိုလ်ချုပ်နှင့်အတူ အာဇာနည်အဖြစ် အသက်ပေးခဲ့သူ သခင်မြအကြောင်းကို သူ၏ လုပ်ဖော်ကိုင်ဖက် ဝါရင့်နိုင်ငံရေးသမားကြီး ဝိဓူရ သခင်ချစ်မောင်က စာမျက်နှာပေါင်း ၄၈ဝ နီးပါးဖြင့် မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|