|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သမိုင်းထဲက စီးပွားရေး၊ စီးပွားရေးထဲက သမိုင်း
-
-
Author(s):
လူထုစိန်ဝင်း
- Type: Myanmar Books
-
Category:
ကုန်သွယ်ရေး / စီးပွားရေး
,
သမိုင်း
- No of Pages: 183
- Binding: Paperback
- Publication Month Year: Feb-2012
- Size: 15 cm x 21 cm
|
- Description: စီးပွားရေး ဖွံ့ဖြိုးတိုးတက်လိုသော နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော နိုင်ငံသမိုင်းကို ဦးစွာ သိအောင် လုပ်ရမည်ဖြစ်သည်။ ကိုယ့်နိုင်ငံ၏ အကြောင်း၊ ကိုယ့်နိုင်ငံ၏ သမိုင်းကို မသိဘဲ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်ပေ။ ယခုစာအုပ်တွင် စာရေးသူက ကိုလိုနီခေတ် မြန်မာနိုင်ငံ၏ စီးပွားရေးသမိုင်းကြောင်းကို ကဏ္ဍအလိုက်ခွဲကာ ရေးသားတင်ပြထားသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးကို ခေတ်အဆက်ဆက် အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ခဲ့ပုံ၊ အင်္ဂလိပ်တို့ အမြတ်ထွက်ခဲ့သည့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းများ၊ ရေနံထုတ်ယူမှုလုပ်ငန်းများ၊ ဝါလုပ်ငန်း၊ ပဲ ပြောင်းစိုက်ပျိုးမှု၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ပညာရေး၊ သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်းများအကြောင်းကို ထိုလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာလူမျိုးများ၏ အခန်းကဏ္ဍနှင့် အကျိုးအမြတ် ရရှိမှု၊ ထိပ်ပိုင်း ရာထူးနှင့် လုပ်ပိုင်ခွင့်များကို အင်္ဂလိပ်တို့ စနစ်တကျ ချုပ်ကိုင်ထားပုံ၊ ပို့ကုန်ကိန်းဂဏန်း အချက်အလက်များ၊ လုပ်ငန်းတိုးတက်မှု၊ မျိုးချစ်မြန်မာလုပ်ငန်းရှင်များအကြောင်း၊ စစ်ကြောင့် ဆုံးရှုံးခဲ့ရမှုများ စသည်တို့ကို အချက်အလက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ရေးသားတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|