|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လူသားတို့၏ ကိုယ်ကျင့်တရား မြင့်မားရေး၊ အသိဉာဏ်တိုးတက်ရေး၊ အကျိုးဆက်အားဖြင့် လောကသားတို့ သာယာဝပြော၍ ငြိမ်းချမ်းစွာ ဘဝတည်ဆောက်ရေးအတွက် သံလျင်တောရ ဓမ္မဝါဒီဆရာတော်၏ တပည့်ရင်းဖြစ်သူ သန်လျင်တောရ ယင်းတော်မင်းကျောင်း ပဓာနနာယက စာရေးသူ ဆရာတော်က မီးမောင်းထိုးပြ ရေးသားထားသော စာအုပ်ဖြစ်သည်။ သံသရာတွင် သတ္တဝါတို့ ဘဝကို တည်ဆောက်ကြရာ၌ အခြေခံအပိုင်းနှင့်တူသော ကိုယ်ကျင့်သီလနှင့် အပေါ်ပိုင်းနှင့်တူသော အသိပညာ (အတတ်ပညာ)တို့ကို သူ့နေရာနှင့်သူ အင်အားကောင်းစွာ အချိုးကျကျ ပါဝင်ရေး၊ အဓမ္မနှင့် ဓမ္မတို့၏ သဘာဝနှင့် စွမ်းရည်တို့အကြောင်းကို ဗုဒ္ဓဒေသနာတော်များမှ ထုတ်နှုတ်ကာ အသေးစိတ် ရေးသားတင်ပြထားသည်။ အခန်း (၁) ၌ ဓမ္မလွှမ်းမိုးသောခေတ်၏ ငြိမ်းချမ်းသော သာယာဝပြောသော သရုပ်သကန်ကို ဒဠှနေမိခေတ်ကို စံပြု၍လည်းကောင်း၊ အခန်း (၂) ၌ အဓမ္မ (ဒုစရိုက်)တရားတို့၏ဆိုးကျိုးများကို မှတ်သားဖွယ်ရာ သာဓကများစွာတို့ဖြင့်လည်းကောင်း၊ အခန်း (၃) ၌ ဓမ္မ(သုစရိုက)တို့၏ ကောင်းကျိုး (သုခဝိပါက)များကို အတုယူလိုက်နာကျင့်သုံးဖွယ် သာဓကများစွာတို့ဖြင့်လည်းကောင်း လူ့လောကလမ်းညွှန်ကျမ်းတစ်စောင်ပုံစံဖြင့် ရေးသားပြုစုထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|