|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စာအုပ်နာမည်ကို “မသေဆေး”ဟု ပေးထားသော်လည်း ဟိမဝန္တာက ဝိဇ္ဇာ ဇော်ဂျီ တပသီတွေပေးသည့် အဂ္ဂိယဆေးမဟုတ်ပေ။ သို့သော် ရှေးမြန်မာပညာရှိများ နည်းမျိုးစုံနှင့် အကြိမ်ကြိမ်စမ်းသပ်ပြီး လူသားတို့အကျိုးအတွက် လက်ဆင့်ကမ်းပေးထားသည့် သဘာဝဆေးဖက်ဝင် အမယ်များဖြစ်ကြသည်။ ဆိုလိုသည်မှာ ဥပစ္ဆေဒကကံမှလွဲ လူ့ဘဝသက်တမ်းကို ကျန်းမာချမ်းသက်တမ်းစေ့နေထိုင်နိုင်အောင် နည်းလမ်းများကို ဆိုလိုခြင်း ဖြစ်သည်။ ကင်ဆာကို နိုင်သည့် အစိမ်းရောင် အရွက်များအကြောင်း၊ အသက်ပြင်း၍ စွမ်းအားကြီးသော ရေသတ္တဝါ၊ ဓာတုအဆိပ်များကိုနိုင်သည့် အဖြူရောင်ပန်း၊ ဘုန်းကြီးများကို အသက်ရာကျော်စေသည့် အစာ၊ မြန်မာ့ထန်းလျက်အစွမ်း၊ မြေကြီးထဲက အံ့ဖွယ် “ဥ”အကြောင်း၊ ၊ မသေဆေး၊ ထူးခြားသည့် အနက်ရောင်အစေ့များအကြောင်း၊ ဂျင်ဂျင်နှင့် ဂျူးဂျူး၊ အစိမ်းရောင် မီးကျောင်းမြီးထဲက အဖြူရောင်ကျောက်ကျော၊ မီးတောင်ဟောင်းထိပ် ရေအိုင်ထဲက အစိမ်းရောင်အမျှင်များအကြောင်း၊ အစေ့တစ်ထောင်စားသည့် အကောင်၊ နတ်ဆေးဥနှင့် ရောဂါအားလုံးကို ကာကွယ်နိုင်ပုံများကို သိပ္ပံနည်းကျ အထောက်အထားများ၊ တွေ့ရှိချက်များနှင့်အတူ စိတ်ဝင်စားဖွယ် ရေးသားရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|