|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ
-
-
Author(s):
ကျော်မောင်မောင်
- Type: Myanmar Books
-
Category:
ဥပဒေ
- No of Pages: 102
- Binding: Paperback
- Publication Month Year: Dec-2014
- Size: 13 cm x 21 cm
|
- Description: ၂ဝ၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အနေဖြင့် ထုတ်ပြန်လိုက်သော လယ်ယာမြေဥပဒေနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၂ အစအဆုံးကို ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။ လယ်ယာမြေဥပဒေပါ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်၍ အရေးယူခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံဝင်ခြင်း၊ နစ်နာကြေးနှင့် လျော်ကြေးများ၊ လယ်ယာမြေကို အသုံးချခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ နည်းဥပဒေပါ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လက်ရှိအသုံးပြုခွင့်ရရှိထားသော လယ်ယာမြေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်၊ ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့် အသစ်ဖော်ထုတ်သော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်၊ လွှဲပြောင်းလက်ခံသော၊ အမွေဆက်ဆံသော မြေလွတ်မြေလပ်နှင့် မြေရိုင်းမှ ပြောင်းလဲသတ်မှတ်သော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းလက်ခံသော လယ်ယာမြေများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ငှားရမ်းခြင်းနှင့် ပေါင်နှံခြင်း၊ ကြီးကြပ်ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံဝင်ခြင်း၊ နစ်နာကြေးနှင့် လျော်ကြေးများ၊ လယ်ယာမြေကို အသုံးချခြင်း၊ စီမံခန့်ခွဲခြင်း၊ တရားစွဲဆိုခြင်း၊ မြေနုကျွန်းလုပ်ပိုင်ခွင့် ချထားခြင်းတို့ကိုလည်းကောင်း သက်ဆိုင်ရာအခန်းများအလိုက် ဖော်ပြပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|