|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကမ္ဘာကျော် ဖို့ဒ်ကုမ္ပဏီကို ထူထောင်ခဲ့သူ ဟင်နရီဖို့ဒ်အကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ကလေးဘဝကတည်းက စက်ပစ္စည်းများ စူးများ ဆောက်များဖြင့် ကစားခဲ့သော သူ့အကြောင်း၊ သူတီထွင်ခဲ့သော ပထမဆုံး ရေနွေးငွေ့အင်ဂျင် ပေါက်ကွဲမှုကြောင့် နှုတ်ခမ်းတွင် သံစ စိုက်ဝင်သွားသည့်အပြင် ကျောင်းခြံစည်းရိုးပါ မီးလောင်ခဲ့ပုံ၊ ကားပြိုင်ပွဲတစ်ခုတွင် မိမိဘာသာ တီထွင်ထားသည့် ကားဖြင့် ကိုယ်တိုင်မောင်း ဝင်ပြိုင်ခဲ့ပြီး ပန်းဝင်ခါနီး သည်းထိတ်ရင်ဖို အနိုင်ရခဲ့ပုံ၊ ထိုပြိုင်ပွဲ၏ ရလဒ်ကြောင့် ဟင်နရီဖိုဒ်ကားကုမ္ပဏီ တည်ထောင်နိုင်ခဲ့ပုံ၊ အောင်မြင်လာချိန်တွင် ကားထုတ်လုပ်သူများအသင်းနှင့် မူပိုင်ခွင့် အငြင်းပွားပြီး အယူခံဝင်ပြီးမှ အနိုင်ရခဲ့ပုံ၊ လူပေါင်းများစွာ၏ ဘဝကို ပြောင်းလဲခဲ့သည့် သူတီထွင်ခဲ့သော တီအမျိုးအစား ကားသစ် (အစီးရေပေါင်း ၁ဝ သန်းခန့် ရောင်းခဲ့ရသည်ဟုဆိုသည်)၊ ကားလုပ်ငန်းဖြင့် စက်မှုအင်ပါယာကြီးကို တည်ဆောက်နိုင်ပုံ၊ စီးပွားပျက်ကပ်အတွင်း အလုပ်သမားများကို လုပ်ခများ ထိုက်ထိုက်တန်တန်ပေးသလို သူတို့ထံမှ လုပ်အားများကိုလည်း အမြင့်ဆုံး ရယူနိုင်ခဲ့ပုံ၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲလေယာဉ်များ ထုတ်လုပ်ရန် အစိုးရ၏ အားပေးခြင်းခံခဲ့ရပုံများနှင့် နောက်ဆုံးသူ၏ ဘဝနေဝင်ချိန်များကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|