|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- နှလုံးသားစံအိမ် (ရုရှားမလေးနှင့် ထိုင်းမင်းသားတို့၏ လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်း)
-
-
Author(s):
မောင်သန်းဆွေ (ထားဝယ်)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 302
- Binding: Paperback
- Publication Month Year: Jun-2018
- Size: 14 cm x 20 cm
|
- Description: Eileen Hunterနှင့် Narisa Chakrabongseတို့ ရေးသားသည့် Katya & The Prince of Siamကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် ထိုင်းပဉ္စမမြောက် ရာမဘုရင် ချူလာလောင်ကွန်၏ အချစ်ဆုံးသားတော်လေး ချက္ကရာပေါင်စီမင်းသားနှင့် ရုရှားမိန်းမပျို ကတ်ရာတို့၏ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းကို ဖတ်ရှုကြရမည်ဖြစ်သည်။ ထိုင်းမင်းသားလေးသည် ရုရှားသို့ ပညာသင် သွားရောက်ခဲ့ရာမှ ရုရှားမလေး ကတ်ရာနှင့် စိန့်ပီတာစဘတ်ခ်တွင် တွေ့ဆုံမေတ္တာမျှခဲ့ကြသည်။ ထို့နောက် ကွန်စတိုင်တီနိုပယ်လ်သို့ ခိုးရာလိုက်ပြေးခဲ့ရာပြီး နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၏ ချက္ကရီမင်းဆက်သည် ၁၇၈၂ ခုနှစ်ကတည်းက နန်းဆက်အိမ်ထောင်ရေးတွင် မင်းဆွေမင်းမျိုး အချင်းချင်းသာ လက်ဆက်ခြင်းဖြင့် မင်းသွေးသန့်စင်စေခဲ့ရာ ကတ်ရာမှာ တိုင်းတစ်ပါးသူဖြစ်ရုံသာမက ဘာသာခြားလည်းဖြစ်၊ မိဘမဲ့လည်း ဖြစ်ခြင်းကြောင့် ထိုင်းနန်းတွင်း၌ အပယ်ခံ ဖြစ်ခဲ့ရသည်။ နောက်ပိုင်းမှသာ နန်းတွင်းသူ၊ နန်းတွင်းသားတို့၏ အချစ်တော်ဘဝသို့ ရောက်ခဲ့ရသည်။ သူမသည် ၁၉ဝ၈ ခုနှစ်တွင် သားတော် ချူလာမင်းသားလေး မွေးဖွားပြီး ဘန်ကောက် အထက်တန်းလွှာတွင် ပျော်ရွှင်စွာ ကျင်လည်ခဲ့သလို နိုင်ငံခြားသို့လည်း အခေါက်ခေါက် အခါခါ ခရီးထွက်ခဲသည်။ သို့သော် ရုရှားတော်လှန်ရေး ဖြစ်ပွားပြီးနောက် သူမတစ်ဦးတည်း နိုင်ငံခြားသို့ သွားခဲ့ခြင်းမှ အစပြုကာ သူတို့အိမ်ထောင်ရေး အဆင်မပြေ ဖြစ်လာခဲ့ပြီး ၁၉ဝ၉ တွင် ထိုင်းမင်းသားနှင့် ရေစက်ကုန်ခဲ့ရသည်။ ထို စိတ်ဝင်စားဖွယ်ရာ၊ အံ့သြဖွယ်ရာ၊ လွမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းကို ဤစာအုပ်တွင် အစအဆုံး ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|