|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အိုဒက်ဆာဖိုင်
-
-
Author(s):
ထက်ဆွေ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 392
- Binding: Paperback
- Publication Month Year: Feb-2013
- Size: 18 cm x 18 cm
|
- Description: “အိုဒက်ဆာ” ဆိုသည်မှာ “SS အဖွဲ့ဝင်ဟောင်းများ၏ အဖွဲ့”ဟု အဓိပ္ပာယ်ရသည်။ SS ဆိုသည်မှာ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန် နာဇီတပ်မတော်တွင်းက ဟစ်တလာကိုယ်တိုင် ကိုင်တွယ်အသုံးချပြီး ဟင်းမလားကို အုပ်ချုပ်ခိုင်းခဲ့သည့် အထူးတာဝန်ပေးအပ်ခြင်းခံခဲ့ရသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ SS အဖွဲ့သည် ဂျူးများကို မျိုးတုန်းသတ်ဖြတ်ခြင်းအပါအဝင် ရာဇဝတ်မှုကြီးများကို ဟစ်တလာ၏ အမိန့်ဖြင့် ကျူးလွန်ခဲ့ကြသည်။ SS အဖွဲ့၏ ထိပ်ပိုင်းတာဝန်ယူခဲ့သူများသည် စစ်ရှုံးပြီဆိုသည်ကို အစောပိုင်းကတည်းက သိခဲ့ကြပြီး တန်ဖိုးရှိသော ရွှေချောင်းများစွာကို လျှို့ဝှက်စွာ ထုတ်ယူသိုဝှက်ထားခဲ့ကြသည်။ မဟာမိတ်များ ဂျာမဏီနိုင်ငံကို သိမ်းပိုက်လိုက်ချိန်တွင်မူ SS ခေါင်းဆောင်များ အောင်မြင်စွာ ထွက်ပြေးနိုင်စေရန် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းမှာ “အိုဒက်ဆာ” ပင်ဖြစ်သည်။ “အိုဒက်ဆာ” အဖွဲ့သည် ယခင် SS လူဟောင်းများကို စစ်ပြီးခေတ် ကျွမ်းကျင်လုပ်ငန်းများ၌ ပြန်လည်နေရာချပေးခြင်း၊ SS ရဲဘော်ရဲဘက်များ တရားစွဲဆိုခြင်း ခံခဲ့ရပါက တရာရုံးခုခံကာကွယ်မှု ပေးခြင်း၊ တစ်ချိန်က SS လူသတ်သမားများသည် အဖဂျာမဏီနိုင်ငံတော်အတွက် သူတို့၏ တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဝါဒဖြန့်ခြင်း အစရှိသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်များရှိသကဲ့သို့ အရှုံးနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ အဆိုးဝါးဆုံး အရှုံးမှာ ၁၉၆၄ ခုနှစ်က ဘွန်းမြို့ တရားရေးဝန်ကြီးဌာနသို့ ပေးပို့သူမသိ အကြောင်းကြားခြင်းမရှိ မှတ်တမ်းမှတ်ရာအထုပ် ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် မဟာမိတ်တပ်ဖွဲ့များ လိုက်လံသုတ်သင်ခဲ့သော နာဇီဂျာမဏီ ရာဇဝတ်ကောင်များ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်မှတ်တမ်းများ ပါရှိခဲ့သည်။ ၎င်းအထုပ်သည် “အိုဒက်ဆာ” ဖိုင်ဟု ကမ္ဘာကျော်ခဲ့သည်။ ယခုစာအုပ်သည် ထို “အိုဒက်ဆာ”အဖွဲ့နှင့်တကွ ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် ဖြစ်ရပ်မှန် ဖြစ်စဉ်များကို သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖတ်နေရသည့်အလား ဖတ်ရှုနိုင်အောင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ မူရင်းစာအုပ်အမည်မှာ Frederick Forsyth ရေးသားသည့် The Odessa File ဖြစ်သည်။ ဘာသာပြန်ဆိုသူ ထက်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|