|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗမာ့တော်လှန်ရေးမှတ်တမ်း (၁၉၃၉ - ၁၉၄၆)
-
-
Author(s):
နိုင်ဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 458
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 21 cm
|
- Description: ဂျပန်ခေတ်က မြန်မာနိုင်ငံ၏ အဓိပတိတစ်ဦးဖြစ်ခဲ့သူ ဒေါက်တာဘမော်ရေးသားသည့် Break Through in Burma (Memoirs of Revolution 1939 - 1946) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ထကြွလှုပ်ရှားစဉ်ကာလက အတောက်ပဆုံး ရုပ်ပုံလွှာတစ်ခုဖြစ်ခဲ့သူ ဒေါက်တာဘမော်က ဤစာအုပ်တွင် ဗြိတိသျှအမျိုးသားတို့နှင့် နောက်လိုက်များ လွှမ်းမိုးချုပ်ကိုင်ထားရာ ပါလီမန်တွင် ဗမာ့ထွက်ရပ်ဂိုဏ်ကြီးကိုယ်စား လုံးဝလွတ်လပ်ရေးအဆိုကို ရဲရဲရှင်းရှင်းကြီး တင်သွင်းခဲ့ပုံ၊ ဘိုးဘိုးအောင်ညီလာခံဟု ထင်ရှားသော ဆင်းရဲသားပါတီညီလာခံကို မန္တလေးတွင် ကျင်းပပြီး ဗြိတိသျှတို့၏ စစ်ရည်ရွယ်ချက်ကို ဆန့်ကျင်၍ တော်လှန်ရေးအမိန့် (၇) ချက်ကို ထင်ထင်ပေါ်ပေါ် ထုတ်ပြန်ကြေငြာခဲ့ပုံ၊ ဗမာ့လွတ်လပ်ရေးတိုက်ပွဲ သည်းထန်နေချိန်တွင် ဗြိတိသျှအစိုးရက သူ့ကို မိုးကုတ်ထောင်တွင် ထည့်ထားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ကာ ဗမာပြည်သိမ်း ဂျပန်တို့နှင့် ပူးပေါင်းလျက် စစ်အတွင်း အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ပုံ၊ ဂျပန်ခေတ်၌ ပါလီမန်မျက်နှာဖုံး စွပ်ထားသော်လည်း တစ်ဖက်တွင်မူ တော်လှန်ရေးသမား လူငယ်များနှင့် မြေအောက်လုပ်ငန်းကို ကျဉ်းထဲကျပ်ထဲ ခဲခဲကပ်ကပ်နှင့် တာဝန်ယူခဲ့ပုံ၊ ဂျပန်စစ်ဝါဒီ ဗိုလ်ချုပ်ကြီးတို့ကို နှာတစ်ဖျားမှ အကြောမပေးဘဲ ရဲတင်းစွာ ဆက်ဆံလျက် ရတတ်သမျှ အခွင့်အရေးတို့ဖြင့် ဗမာပြည်သူတို့၏ ကံကြမ္မာကို အကာအကွယ်ပေးခဲ့ပုံ၊ ပစိဖိတ်ဒေသတွင် ဂျပန်တို့၏ စစ်ကြောင်းများ ကျိုးပြတ်၍ ခွက်ခွက်လန် အရှုံးပေါ်ခဲ့ရပါသော အကြောင်းတရားတို့ကို ဂျပန်စစ်ဗိုလ်ချုပ်များထက်ပင် တိကျစွာ သရုပ်ခွဲ လေ့လာပြခဲ့ပုံ၊ ဂျပန်တို့အဆုတ်တွင် ဂျပန်တပ်များနှင့်အတူ လိုက်ပါခဲ့သော်လည်း ဂျပန်တို့က သူကို လုပ်ကြံပြီး အစဖျောက်ရန် ကြိုးစားခဲ့ပုံ၊ ဂျပန်တို့ လက်နက်ချချိန်၌ ဂျပန်မြောက်ပိုင်း ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေစဉ် အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး စစ်ရာဇဝင်အကျဉ်းသားအဖြစ် အကျဉ်းစံခဲ့ရပုံများကို သည်းထိတ်ရင်ဖို စွန့်စားခန်းဝတ္ထုတစ်ပုဒ် ဖတ်နေရသည့်အလား ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|