|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရ၍ နိုင်ငံတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်များက သူတို့ဖြတ်သန်းလာခဲ့ကြသော ဆယ်စုနှစ်များစွာမှ ဘဝအတွေ့အကြုံများကို ဆောင်းပါးများရေးသား၍ ပြန်လည်မျှဝေထားခြင်း ဖြစ်သည်။ တက္ကသိုလ်ကျောင်းနေစဉ်ဘဝ အတွေ့အကြုံများသာမက ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်ကြရာမှ ရရှိခဲ့သည့် အတွေ့အကြုံများ၊ ဖတ်ခဲ့ မှတ်ခဲ့ လေ့လာခဲ့ ကျင့်သုံးခဲ့သော ဘဝအောင်မြင်ရေး နီတိများ၊ ဘာသာရေး အဆုံးအမများ၊ စီးပွားရေး, နိုင်ငံရေး, ပညာရေးဆိုင်ရာ အတွေးအမြင်များကို ဤစာအုပ်တွင် လေ့လာကြရမည် ဖြစ်သည်။ စာအုပ်ပါ ဆောင်းပါးများကို အပိုင်း ၅ ပိုင်းခွဲထားရာ ၎င်းတို့မှာ ပညာရေး, စီးပွားရေး, ကျန်မာရေး, နိုင်ငံရေးနှင့် ဘာသာရေးတို့ ဖြစ်ကြသည်။ စာအုပ်စီစဉ်သူက “ ... တစ်ခါက ပညာရေးစနစ်နှင့် ယခုပညာရေးစနစ်ကို နှိုင်းယှဉ်ပြပြီး တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် ထင်ရှားသော အမှတ်အသားများကို ပြန်လည်သတိရစေဖို့ ဖော်ပြထားပါသည်။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး စီးပွားတိုးဖို့ အကြံပြုထားသည်မှာ စုံလင်လှပါသည်။ နိုင်ငံရေး မတည်ငြိမ်ခဲ့၍ စီးပွားရေး, လူမှုရေး, ပညာရေး မတည်ငြိမ်ဘဲ ပျက်ပြားခဲ့ရပုံများကို ဖော်ပြထားပါသည်။ မြတ်စွာဘုရား၏ တရားတော်များမှာ ကောက်နုတ်ချက် အနှစ်သာရအချို့ကို ဖော်ပြရေးသားထားသည့်အတွက် လေ့လာဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည် ... ” ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|