|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကုန်သွယ်ရေကြောင်းအရာရှိများ သင်္ဘောဘေးအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းနိုင်ရေး ကိစ္စအတွက်လည်းကောင်း၊ ကုန်စည်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီး လိုရာဆိပ်ကမ်းသို့ အရောက်ပို့နိုင်ရန်အတွက်လည်ကောင်း၊ မိမိအကျိုး၊ မိမိသင်္ဘောကုမ္ပဏီ၏အကျိုးကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ရာထူးတက်ရန် စာမေးပွဲများဖြေဆိုရန်အတွက်လည်းကောင်း၊ သိသင့်သိထိုက်သည့် ရေကြောင်းဆိုင်ရာ ဥပဒေများကို ကျေညက်ကာ မိမိ၏လုပ်ငန်းတာဝန်ကို ထိထိရောက်ရောက် ကျေပွန်စွာဆောင်ရွက်နိုင်စေရန်အတွက်လည်းကောင်း ဤစာအုပ်ကို ရည်ရွယ်ရေးသားပြုစုထားခြင်း ဖြစ်သည်။ ခက်ခဲသိမ်မွေ့လှသော ဥပဒေပြဋ္ဌန်းချက်များ၊ ရှုပ်ထွေးအသေးစိတ်လှသော အပြည်ပြည်ဆိုင်ရာ သင်္ဘောနှင့်ပတ်သက်နေသည့် စာချုပ်များ၊ စီရင်ထုံးများကို အတက်နိုင်ဆုံး လွယ်ကူရှင်းလင်းအောင် ကြိုးစား၍ ရေးသားထားသည်။ ထိုသို့ ရေးသားရာတွင် ကုလသမဂ္ဂ၏ တာဝန်ပေးချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒါလီယံမြို့ရှိ ဒါလီယံ ကမ္ဘာ့ရေကြောင်းတက္ကသိုလ်တွင် ရေကြောင်းဥပဒေပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်စဉ် ဘွဲ့လွန်နှင့်ဘွဲ့ကြိုသင်တန်းများ၌ စာရေးသူ၏ တပည့်များ တွေ့ကြုံတွေ့ရသော အခက်အခဲများကိုအခြေခံထားပြီး မြန်မာရေကြောင်းအရာရှိများ ထိုအခက်အခဲများကို လွယ်လင့်တကူ ကျော်လွှားနိုင်စေရန်ဟူသော ဦးတည်ချက်ဖြင့် ရေးသားရခြင်းဖြစ်ကြောင်း ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|