|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဝါရင့်သတင်းစာဆရာကြီးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယကအဖွဲ့ဝင်လည်းဖြစ်သူ ဟံသာဝတီဦးဝင်းတင်နှင့် အွန်လိုင်းဝဏ္ဏတို့၏ အင်တာဗျူးအမေးအဖြေများကို စာအုပ်အဖြစ် မှတ်တမ်းတင် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဆရာဦးဝင်တင်ပြောသည့် အရေးတော်ပုံတပ်သားအကြောင်း၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အမြင်နှင့် ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားချက်၊ ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းအပေါ် သဘောထား၊ လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရတို့၏ အားပြိုင်မှုအပေါ် သူ၏ သုံးသပ်ချက်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ပံတောင်းတောင်အရေး၊ အာဇာနည်နေ့ အမှတ်တရများ၊ ခရိုနီ (သို့မဟုတ်) အာဏာကပ်ပါး စီးပွားရေးဓားပြများအကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး, တပ်မတော်၏ အခန်းကဏ္ဍနှင့် အတိုက်အခံပေါ်လစီ၊ ရှစ်လေးလုံးအရေးတော်ပုံ အမှတ်တရဖြစ်ရပ်များ၊ ဗိုလ်ချုပ်နေဝင်းအကြောင်း၊ မဆလခေတ် သတင်းစာလွတ်လပ်ခွင့်တိုက်ပွဲထဲက ဆရာဦးခင်မောင်လတ်အကြောင်းအပါအဝင် အကြောင်းအရာပေါင်းများစွာကို ဖြေကြားပေးထားသည်။ အင်တာဗျူးအနေနှင့်သာမက သမိုင်းမှတ်တမ်းအနေဖြင့်ပါ ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|