|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်နေဝင်းအား ဦးနု လွှဲပေးပြီး အိမ်စောင့်အစိုးရတက်လာချိန်၌ ပုဒ်မ ၅ ဟူသော နိုင်ငံရေးလေမုန်တိုင်းမိကာ ကိုကိုးကျွန်းသို့ လွင့်ပါသွားသည့် ကလောင်သမားတစ်ဦးဖြစ်သူ စာရေးသူက သူ့ကိုယ်တွေ့ ကိုကိုးကျွန်း အကျဉ်းထောင်စခန်း အတွေ့အကြုံများကို စာအုပ်ရေးသား၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ခေတ်သစ် အဝီစိ ငရဲပမာ ဆိုးဝါးလှသည့် ကိုကိုးကျွန်း၌ ၁၁ လကြာမျှ အကျဉ်းချခြင်းခံရသော သူ၏ အတွေ့အကြုံများ၊ ကိုကိုးကျွန်း၌ ရောက်ရှိနေကြသည့် အခြားအကျဉ်းသားများအကြောင်း၊ ဗိုလ်ချုပ်နေဝင်းသည် သူကို အာခံသည့် ပုဒ်မ ၅ အကျဉ်းသမားများအား အကျဉ်းချရန် ထောင်စခန်း, လေယာဉ်ကွင်းများကို အကျဉ်းသားများကို အသုံးချ၍ စနစ်တကျ တည်ဆောက်ခဲ့ပုံ၊ ကျွန်းပေါ်သို့ နိုင်ငံရေးအကျဉ်းသားများ ရောက်ရှိပြီးနောက် ထောင်ဝန်ထမ်းများသည် အကျဉ်းသားများအပေါ် တစထက်တစ ဖိနှိပ်ချုပ်ချယ်လာပုံ၊ အစားအသောက် ညံ့ဖျင်း၊ ထောင်ဝင်စာမရှိ၊ မိဝေး ဖဝေး ဒုက္ခကြီးမားသည့် အကျဉ်းသမားများသည် ထောင်အခွင့်အရေးများစွာ ဆုံးရှုံးနေကြရာ မခံနိုင်ကြသည့် အကျဉ်းသမားများသည် အစာငတ်ခံ တော်လှန်ပုန်ကန်ကြပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးဆရာ ဇဝနက အမှာစာ ရေးသားထားရာ၌ “ကျွန်ုပ်သည် ဦးကိုကိုလေး၏ စာအုပ်ကို ဖတ်ပြီးသည့်အဆုံးတွင် လောကပါလတရား အခြေခံပြုထားသော လွတ်လပ်သော သမ္မတမြန်မာနိုင်ငံ တည်သရွေ့ လူသားချင်း ညှင်းပန်းသည့် အကြောင်းအရာများပါသော ယခုလိုစာအုပ်မျိုးကို နောင်မပေါ်ပေါက်ပါစေနှင့် မတွေ့ရ မဖတ်ရပါစေနှင့်ဟု ဆုတောင်းလိုက်မိသည်။” ဟု ဆိုသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|