|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၈၆ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ၁၉၉၂ ခုနှစ်တွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီး၊ အငြိမ်းစားယူပြီးနောက် တဖန် မြန်မာ - ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ စာရေးသူက သူနှင့် ပတ်သက်မိသမျှ ထိုင်းနိုင်ငံအကြောင်းများကို စာအုပ်အဖြစ် စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ရေးသားထားခြင်း ဖြစ်သည်။ စာအုပ်ကို ထိုင်းနိုင်ငံမှ အိမ်ရှေ့မင်းသမီး မဟာချက္ကရီ သီရိဒုံ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိချိန် ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွတ်ရေးအတွက် သူတာဝန်ယူခဲ့ချိန်မှ စတင်ကာ မှတ်တမ်းတင်ထားသည်။ ၎င်းမှ စတင်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ထိတွေ့ဆက်ဆံခဲ့ရသည့် စစ်ဘက်၊ နယ်ဘက်မှ ထိုင်းအဆင့်မြင့်အရာရှိကြီးများအကြောင်း၊ ၈၈ အရေးအခင်းပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြသည့် တောခိုကျောင်းသားများအရေး မည်သို့ဖြေရှင်းခဲ့ပုံ၊ မမေ့နိုင်သည့် မြန်မာလေယာဉ်ပြန်ပေးဆွဲမှု၊ လက်နက်ချ ပြည်ပြေးဝန်ကြီးများအရေး၊ ထိုင်းဘုရင်၏ မိသားစုနှင့် ရင်းရင်းနှီးနှီး ထိတွေ့ခဲ့ရပုံများ၊ ဦးစန်းယု၊ ဦးမောင်မောင်ခ အပါအဝင် မြန်မာပြည်မှ အစိုးရအရာရှိများ ထိုင်းသို့ ရောက်ရှိလာခဲ့စဉ်က သူတာဝန်ယူခဲ့ရပုံ အပါအဝင် စိတ်ဝင်စားဖွယ် ထိုင်းအတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|