|
Myanmar Books
Publishers
|
|
'အောင်ဆန်း'
,
'လူကြီး'
,
'ဦးသုဝေ'
,
'ကာယာနုပဿနာ'
,
'Gems'
,
'မိုးစက်ဝိုင်'
,
'Fish'
,
'Adverb'
,
'OSO'
,
'ရုရှားသမ္မတ'
,
'တေးထပ်'
,
'Che Guevara'
,
'မြန်မာ့သမိုင်'
,
'“ဝ”'
,
'ဂျပန်'
,
'အချစ်ဒဿန'
,
'မှဲ့'
,
'Jack Ma'
,
'ဘုရားလောင်း'
,
'Hewlett Packard'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဇင်ဘာဘွေနိုင်ငံမှ အာဏာရှင်ကြီး မူဂါဘီကဲ့သို့ ရိုးရိုးကုပ်ကုပ် ဘဝမှသည် အာဏာရှင်ဖြစ်လာခဲ့သည့် ဗိုလ်ချုပ်မှူးကြီး(ဟောင်း)သန်းရွှေ၏ အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ရောင်စုံသူပုန်များကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်ချိန်၌ ဦးသန်းရွှေ လူလားမြောက်ကြီးပြင်းခဲ့ပုံ၊ စာတိုက်၌ စာရေးအဖြစ် တစ်နှစ်ခန့်လုပ်ကိုင်ပြီးနောက် အလုပ်သင်ဗိုလ်လောင်းအဖြစ် ရွေးချယ်ခံရပြီး တပ်ထဲဝင်ရောက်လာခဲ့ပုံ၊ သင်တန်းဆင်းပြီးနောက် တပ်စုမှူး ဒုဗိုလ်အဖြစ် တာဝန်ပေးခံရပုံ၊ တပ်တွင်း တာဝန်ထမ်းဆောင်စဉ် အထက်လူကြီးများအပေါ် အလိုက်သိတတ်မှုကြောင့် ဘဝတက်လမ်း မြန်ဆန်ခဲ့ပုံ၊ ၈၈ အာဏာသိမ်းပွဲ၌ သာမန်အဖွဲ့ဝင်အဖြစ်သာ ရှိခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးစောမောင် အနားပေးခြင်း ခံရသောအခါ အစိုးရအဖွဲ့အတွင်း အာဏာရှင်အဖြစ်သို့ တက်လှမ်းခဲ့ပုံ၊ ထို့နောက် အာဏာတည်မြဲရေးအတွက် လူယုံများကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းကာ သူမလိုလားသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထိပ်ပိုင်းစစ်တပ်ခေါင်းဆောင်များကို ပ,ထုတ်ခဲ့ပုံ၊ မိမိအာဏာတည်မြဲရေးအတွက်သာ အလေးထားလုပ်ဆောင်နေသည့်အတွက် တိုင်းပြည်မှာ အဆိုးဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပုံ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိသားစုအကြောင်း၊ ဗေဒင်ကိန်းခန်းကို ယုံကြည်သလို မိမိအာဏာတည်မြဲရေးအတွက် ယတြာအပါအဝင် နည်းလမ်းစုံကို အသုံးပြုခဲ့ပုံ၊ မိမိ၏ ဆရာရင်း ဦးနေဝင်းကို အကျယ်ချုပ်ဖြင့် အကျဉ်းချခဲ့ပုံ၊ အာဏာရှိစဉ်အတွင်း နိုင်ငံတော်၏ စီးပွားရေးကဏ္ဍအားလုံးနီးပါးကို စစ်တပ်နှင့် လက်ဝေခံခရိုနီများအောက်သို့ လက်ဝါးကြီးအုပ်ထားရှိခဲ့ပုံ၊ လုံခြုံရေး, ဗေဒင်ကိန်းခန်းအတွက် မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွေ့ခဲ့ပုံ၊ အသက်အရွယ်ကြီးမြင့်လာမှုနှင့် ပြည်တွင်းပြည်ပ ဖိအားများကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာရေးဆွဲကာ သူယုံကြည်စိတ်ချရသူများ လက်ထဲ စနစ်တကျတွက်ချက် အာဏာလွှဲခဲ့ပုံ အစရှိသည်တို့ကို စာအုပ်တွင် အသေးစိတ် ရေးသားဖော်ပြပေးထားသည်။ သူ၏ ဘဝဖြစ်စဉ်နှင့်အတူ လူမသိသေးသည့် နအဖ, နဝတ အစိုးရအဖွဲ့ဝင်များ၏ အတွင်းရေး၊ သူ့မိသားစုအတွင်းရေးများကိုပါ ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရသည်။ စာအုပ်အခန်းခေါင်းစဉ်များမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဘဝအရုဏ်ဦး၊ တပ်ချုပ်ကြီးဘဝ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု၊ အာဏာရှင်ဘဝ၏ အစ၊ စစ်သက်ရှည် ဗိုလ်ချုပ်မှူးကြီး၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်အား အရေးယူလိုက်ခြင်း၊ အာဏာရှင်လက်ထက် လက်ဝါးကြီးအုပ်ထားသော စီးပွားရေးလုပ်ငန်းများ၊ နေပြည်တော်တည်ဆောက်တို့ ဖြစ်ကြသည်။ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြည့်စွက်ထုတ်ဝေထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|