|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မုံရွာမြို့ အရှေ့လယ်တီတိုက် ပဓာနနာယကဆရာတော်ဖြစ်သူ ဆရာတော်က ဤကျမ်းစာအုပ်တွင် ဘက်စုံဗဟုသုတများ တစ်အုပ်တည်း တစ်နေရာတည်းတွင် ဖတ်ရှုကိုးကားနိုင်အောင် အားထုတ်ရေးသားပြုစုထားသည်။ ကျမ်းအမည် “မဟာသုတဒီပနီ”၏ အဓိပ္ပာယ်မှာ (မဟာ ကောင်းမြတ်ကုန်သော + သုတ ကြားနာမှတ်သားဖွယ် ဗုဒ္ဓ ဓမ္မ သံဃာ အကြောင်းအရာတို့ကို + ဒီပနီ ယေဘူယျအားဖြင့် ပြဆိုရာဖြစ်သောကျမ်း)ဟု ဆိုလိုသည်။ စာအုပ်ပါ အကြောင်းအရာတို့မှာ ကျမ်းပြုဆရာတော် တွေ့ထိထားသမျှ သုတရသစုံများ၊ ကြည့်သမျှ ကျမ်းစာဗဟုသုတများ၊ ဆွေးနွေးမေးမြန်း၍ရသော ဗဟုသုတများ၊ စကားဝိုင်းများ၌ ပြန်လှန်ပြောဆို၍ ရရှိသော ဗဟုသုတများကို စုပေါင်း၍ တင်ပြထားခြင်းဖြစ်သည်။ အကုသိုလ် အနည်းငယ်ကြောင့် ငရဲကျနိုင်သူ မကျနိုင်သူ၊ ရှေးမြန်မာ ပြက္ခဒိန်မှတ်ဖွယ်၊ အဋ္ဌကထာကျမ်းများ၏ အမည်ထူးများ၊ ဖရုသဝါစာ မှတ်ဖွယ်၊ အရူး ရှစ်မျိုး၊ ဥစ္စာ လေးမျိုး၊ ဧတဒဂ်ဘွဲ့ရခြင်းအကြောင်း၊ ခြေတော်ရာ(ဗုဒ္ဓခြေရာ) မထင်ခြင်း၊ ဂေါတမဘုရားပွင့်ရာ အန္တရကပ်၊ ဆုတောင်းပြည့်စေသော တရားငါးပါး၊ နောင်တကြီး ၁ဝ ပါး၊ နတ် ဗြဟ္မာတို့ လူ့ပြည်လာလျှင် ၎င်းတို့ ရုပ်သဘာဝအတိုင်း လာနိုင်/မနိုင်၊ ပါရမီပြည့်စုံစေကြောင်း တရားများ၊ ဗုဒ္ဓရုပ်ပွား ရုပ်တုတော် ထုလုပ်ပူဇော်ပုံမှတ်ဖွယ်၊ ဗုဒ္ဓမြတ်စွာ စက်တော်ရာများ၊ လူတို့ သက်တမ်းဆုတ်ယုတ်ပုံအပါအဝင် အကြောင်းအရာပေါင်း ၆ဝဝ ကျော်ပါရှိသည်။ ကျမ်းပြုဆရာတော်သည် ဤစာအုပ် ၃ တွဲဖြင့် ၂ဝဝ၁ ခုနှစ်၊ ဗုဒ္ဓစာပေ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
|
|
|
|