|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: တစ်ဖက် တရုတ်နိုင်ငံ၏ ပုံအောပေးသော လက်နက်၊ ခဲယမ်း၊ ရိက္ခာပစ္စည်းများ၏ အကူအညီဖြင့် ဗကပတို့သည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့မှ ဒီဇင်ဘာ ၂၈ နေ့အထိ ရက်ပေါင်းလေးဆယ်တိုင်တိုင် ကွမ်းလုံတိုက်ပွဲကြီးကို ဆင်နွှဲခဲ့ရာ မြန်မာတပ်မတော်သည် မိမိတို့ထက် ဆယ်ဆမက သာလွန်သော ဗကပတို့၏ စစ်အင်အားကို စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့နှင့် တွဲဖက်၍ အသက် သွေး ချွေး အမြောက်အမြားပေးဆပ်ကာ တွန်းလှန်တိုက်ခိုက် အောင်ပွဲခံခဲ့ကြသည်။ ယခုစာအုပ်သည် ထိုစဉ်က အမှတ် ၇၇ ခြေမြန်တပ်မ တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ပေါလ်ထွန်းရှိန်က သံလွင်အရှေ့ဘက်ခြမ်း၌ သူဆင်နွှဲခဲ့သည့် တိုက်ပွဲ ၉ ပွဲနှင့် သံလွင်အနောက်ခြမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၁၁ ပွဲအကြောင်းကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ်စဉ်များနှင့်အတူ နှစ်ဖက်သုံးခဲ့သည့် စစ်ဗျူဟာရေးရာများ၊ ဆုံးရှုံးမှုနှင့် အောင်မြင်မှုများ၊ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မြန်မာ့တပ်မတော်သားများအကြောင်းကိုပါ မှတ်တမ်းတင် ဓာတ်ပုံများနှင့်အတူ အသေးစိတ် ရေးသားဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|