|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာနိုင်ငံ သုတေသနအသင်း (၁၀၁) နှစ်ပြည့် အထိမ်းအမှတ်စာတမ်း
-
-
Author(s):
မင်းခက်ရဲ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 112
- Binding: Paperback
- Publication Month Year: May-2011
- Size: 14 cm x 21 cm
|
- Description: မြန်မာနိုင်ငံသုတေသနအသင်း စတင်တည်ထောင်သည့် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သော စာအုပ်ဖြစ်သည်။ ၁၉၁ဝ ခုနှစ်၌ ရှေးဟောင်းမြန်မာစာပေ, မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ၊ ရာဇဝင်သမိုင်းနှင့် ဓမ္မသတ်ကျမ်းများ၊ မြန်မာသစ်ပင်၊ ပန်းပင် ကျေးငှက်တိရိစ္ဆာန်စသည့် မြန်မာမှုဆိုင်ရာ မှတ်တမ်းမှတ်ရာများအား မတိမ်ကော မပျောက်ပျက်စေရန် ပြန်လည်ဖော်ထုတ်ရေးကို စိတ်ဝင်စားသူများ၊ သုတေသနလုပ်ငန်း ဝါသနာပါသူ လူငယ်များ ပေါင်းစုကာ မြောက်မြားလှစွာသော အခက်အခဲများကြားထဲမှ အသင်းကို ထူထောင်ခဲ့ကြခြင်း ဖြစ်သည်။ အသင်းဖြစ်ပေါ်ပြီးနောက် ဒေါက်တာထင်အောင်၊ ဒေါက်တာဘဟန်၊ ဦးဝန် (မင်းသုဝဏ်)၊ ဦးတင်ဧ၊ ဦးထင်ကြီးအပါအဝင် ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသည့် အသင်းဥက္ကဋ္ဌများ၏ လက်အောက်တွင် အသင်းသားများသည် သုတေသနစာတမ်းဖတ်ပွဲများ၊ သုတေသနလုပ်ငန်းများ၊ ရှေးဟောင်းပေပုရပိုက်များတွင် ရေးသားထားသည့် လက်ရေးစာများကို ပုံနှိပ်စာအုပ်အဖြစ် တည်းဖြတ်ပြောင်းလဲမှုလုပ်ငန်းများကို စုစုစည်းစည်း စည်းစည်းရုံးရုံးဖြင့် လုပ်ဆောင်ခဲ့ကြရာ တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။ ယခုစာအုပ်သည် ထိုအသင်းကြီး၏ သမိုင်းကြောင်း၊ အသင်းကြီး၏ ထိပ်ပိုင်းတာဝန်များကို ယူခဲ့သူများအကြောင်း၊ အသင်းတံဆိပ်၊ အသင်းကြီး၏ စာအုပ်ထုတ်ဝေမှု၊ စစ်မဖြစ်, စစ်အတွင်း, စစ်ပြီးခေတ်များတွင် ထုတ်ဝေခဲ့သော စာစဉ်များ၊ စာစောင်များအကြောင်း၊ အဖွဲ့၏ စည်းမျဉ်းဥပဒေများအကြောင်းတို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|