|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ တပည့်ဖြစ်ခဲ့ဖူးသူ စာရေးသူဆရာတော်က ယခုအခါ မှော်ဘီ၊ လှော်ကားဥယျာဉ်အနီးတွင် စာသင်တိုက်တစ်တိုက်ကို ဖွင့်လှစ်ထားရှိသည်။ ထိုစာသင်တိုက်ကို တောင်မြို့မဟာဂန္ဓာရုံပုံစံအတိုင်း ဝိနည်းစည်းကမ်းနှင့်တကွ စာချစာသင်စည်းကမ်းကောင်းအောင် ကိုရင်ငယ်များ၊ ရဟန်းတော်များကို ပြုစုပျိုးထောင်လျက်ရှိသည်။ ယခုစာအုပ်သည် ထိုကျောင်း၏ ကိုရင်ငယ်များ ဒုတိယတန်းတွင် အသုံးပြုရန် ထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ စိတ်ကောင်းရှိဖို့ ပထမဆိုသည့် အရှင်ဇနကာဘိဝံသ၏မူကို လက်ခံကာ ကိုရင်များ၏ စိတ်သန္တာန်တွင် ကောင်းသည့် စိတ်ထား၊ ကောင်းသည့် အပြော၊ ကောင်းသည့် အပြုအမူများ ကိန်းဝပ်တည်ရှိအောင် လမ်းညွှန်ပြထားသော စာအုပ်ဖြစ်သည်။ အရှင်သာရိပုတ္တရာ၏ ကျေးဇူးသိစိတ်ထား၊ သီလမြတ်နိုးစိတ်ထား၊ ကူညီတတ်သည့် စိတ်ထား၊ ရုပ်လှချင်ရင်၊ တံမြက်မလှည်းတဲ့ အရှင်သာရိပုတ္တရာ၊ လိုက်နာကျင့်ဖွယ်အသွယ်သွယ်အပါအဝင် ပိဋကတ် ၃ ပုံမှ ထုတ်နှုတ်ထားသော အကြောင်းအရာ ၃ဝ ခု ပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|