၁၉၄၇ - ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-ဦးထွန်းတင်(မန်းတင်)နှင့် အမိ-ဒေါ်သန်းတင် တို့က မွေးဖွားသည်။ စတုတ္ထမြောက်သမီးဖြစ်ပြီး ငယ်နာမည် ချိုချိုတင်ဖြစ်သည်။ ငယ်စဉ်က မြို့မအမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။
၁၉၆၅ - တက္ကသိုလ်ဝင်တန်းအောင်။ ဆက်လက်၍ ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြား ခဲ့။ ပထမဆုံး ပုံနှိပ်စာမှာ ၁၉၆၅-ခုနှစ်၊ အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ ''ကျွန်မ ဆရာမ''၀တ္ထုတို ဖြစ်သည်။
၁၉၇၁ - ရန်ကုန်စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့ရရှိခဲ့။ ပထမဆုံး လုံးချင်းဝတ္ထုအဖြစ် ''ငယ်သူမို့ မသိပါ'' ကို ရေးသားထုတ်ဝေခဲ့။
၁၉၇၃ - ''ဂျီဟောသူ''၀တ္ထုထွက်ရှိခဲ့။ ''ငြိုးမာန်ဖွဲ့သူရယ်''၀တ္ထုထွက်။
၁၉၇၄ - ''ကွက်လပ်ကလေး ဖြည့်ပေးပါ'' ၀တ္ထုထွက်။ စိမ်းရွက်သစ် တဝေေ၀၊
နက်ဖြန်ခါ၊ ပန်းစကား၊ မစန္ဒာဝတ္ထုတိုများ(၁) စသည်ဖြင့် စာအုပ်များထွက်ရှိ။
၁၉၇၅ - ''မစပ်သောငရုပ်'' ၀တ္ထုထွက်။
၁၉၇၆ - ''နှင်းဆီ''၊ ''ပုစ္ဆာ'' ၀တ္ထုများထွက်။
၁၉၇၈ - ''အရိပ်'' ၀တ္ထု(ပ)တွဲ၊ (ဒု)တွဲ ဆက်တိုက်လိုလိုထွက်။
၁၉၈၃ - ''ဂျိမ်းဂျိမ်းဂျုတ်ဂျုတ်၊ ဂျိမ်းဂျုတ်ဂျုတ်'' ၀တ္ထုထွက်။
၁၉၈၅ - ''မစန္ဒာဝတ္ထုတိုများ(၁)'' ထွက်။
၁၉၈၉ - ''မဂ္ဂဇင်းဝတ္ထုရှည်များ(၂)'' ထွက်။
၁၉၉၁ - ရုရှားနိုင်ငံသို့ စာရေးဆရာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် လေ့လာရေးသွားရောက်ခဲ့။
၁၉၉၄ - ''ဘ၀အိပ်မက်၊ ပန်းအိပ်မက်''၀တ္ထုထွက်။ (ယင်းဝတ္ထုဖြင့် အမျိုးသားစာပေ၀တ္ထုရှည်ဆုရရှိ။)
၁၉၉၆ - ''မစန္ဒာ၏မဂ္ဂဇင်းဝတ္ထုရှည်များ(၂)''ထွက်ခဲ့။
၁၉၉၉ - တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စာရေးဆရာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ်
လေ့လာရေးခရီးသွားရောက် ခဲ့။ ''မစန္ဒာဝတ္ထုတိုများ(၃)'' ထွက်။ (၁၉၉၉-ခုနှစ်အတွက် အမျိုးသားစာပေ၀တ္ထုတိုဆုရရှိ။)
၂၀၀၀ - ''Up Streams and other stories''ထွက်။
၂၀၀၁ - ''၀တ္ထုတိုများ(၄)''ထွက်။
၂၀၀၂ - ဇွန်လမှစ၍ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့၊ ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်း ဆောင်။ ''မဂ္ဂဇင်းဝတ္ထုရှည်များ(၃)'' ထွက်။ ''ဆဌဂံ'' ၀တ္ထုရှည်ထွက်။ (ယင်းနှစ်အတွက်
အမျိုးသားစာပေ-၀တ္ထုရှည် ဆုရရှိ။)
၂၀၀၆ - ''ပန်းပွင့်ခရေ''၀တ္ထုတိုများထွက်။ (ယင်းနှစ်အတွက် အမျိုးသားစာပေ-လူငယ်စာပေဆုရရှိ။)
၂၀၀၇ - ပန်းပွင့်ခရေမှာ လူကုန်ကူးမှုကို တိုက်ဖျက်ရေးကို ရည်ရွယ်ကြောင်း၊ ထိုစာအုပ်ပါ ၀တ္ထုတိုများမှာ လူငယ်များအတွက် ရည်ရွယ်ကြောင်း၊ ၂၀၀၆-ခုနှစ် အမျိုးသားစာပေဆုရသူများ ''ကြေးမုံ''သတင်းစာက တွေ့ဆုံရာ တွင်ပြောကြားခဲ့။ မစန္ဒာ၏လုံးချင်းဝတ္ထုများအနက်(၁၀)အုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီးဖြစ်သည်။ ''ဘ၀အိပ်မက် ပန်းအိမ်မက်''ကို ထိုင်းဘာသာဖြင့်လည်းကောင်း
''ကွက်လပ်ကလေးဖြည့်ပေးပါ''နှင့် ''ဂျိမ်းဂျိမ်း ဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ်'' တို့ကို
ဂျပန်ဘာသာသို့လည်းကောင်း ပြန်ဆိုထုတ်ဝေခဲ့သည်။ (Afro-Asian Writers Associ -ation)မှ ထုတ်ဝေသော (Lotus Journal)တွင် ''အသေ၀နာစ ဗာလနံ''ကိုလည်းကောင်း (Michigan University)မှထုတ်ဝေသောVirtual Lotus(Modern Fition of southeast Asia)တွင် ''ထီး''၀တ္ထုကိုလည်းကောင်း၊ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုဖော်ပြခြင်းခံရ။ အခြားမဂ္ဂဇင်းဝတ္ထုတိုများကိုလည်း ရုရှား၊ ဂျာမန်ဘာသာများသို့ ပြန်ဆိုခြင်းခံရ။
ယခုအခါ ခင်ပွန်းသည် ဦးစန်းမောင်(ဗိသုကာ)၊ သမီး အေးချမ်းငြိမ်း၊ သား-မိုးငြိမ်းချမ်းတို့နှင့်အတူ(၁၇၃) ဂန္ဓမာလမ်း၊ သုဝဏ္ဏတွင် နေထိုင်လျှက်ရှိသည်။
''ထင်ရှားသော စာအုပ်အချို့''
(၁)ကွက်လပ်ကလေးဖြည့်ပေးပါ
(၂)ငယ်သူမို့ မသိပါ
(၃)ပုစ္ဆာ
(၄)ပန်းစကား
(၅)ဘ၀အိပ်မက် ပန်းအိပ်မက်
(၆)ဆဌဂံ