|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့
-
-
Author(s):
မြသန်းတင့်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 691
- Binding: Paperback
- Publication Month Year: May-2009
- Size: 15 cm x 23 cm
|
- Description: မြန်မာ့ပဒေသရာဇ်ခေတ် ဆိတ်သုဉ်းပြီး တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့သော ရတနာပုံခေတ်နှောင်း မြန်မာပြည်သမိုင်းကြောင်းကို ရေးသားထားသော စာအုပ်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့သော သီပေါမင်း၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ မြင်ကွန်းမင်းသား၊ စုဖုရားလတ်၊ တိုင်းတာမင်းကြီး၊ ကာနယ်စလေဒင် အပါအဝင် ဇာတ်ကောင်များ၏ လှုပ်ရှားရွေ့လျားခဲ့သော မှတ်တမ်းတင် ဇာတ်ကွက်ဇာတ်လမ်းများကို ဆရာမြသန်းတင့်မှ ရသမြောက်စွာ မှတ်တမ်းတင် ရေးသားထားခြင်းလည်းဖြစ်သည်။ အောက်မြန်မာပြည်ကို သိမ်းပိုက်ထားသော အင်္ဂလိပ်တို့သည် အထက်မြန်မာပြည် မန္တလေးကို အကြောင်းအမျိုးမျိုးပြလျက် သိမ်းပိုက်ရန်ကြိုးစားခဲ့ပုံများ၊ ကင်းဝန်မင်းကြီး၏ စိတ်ဝင်စားဖွယ်ကောင်းသော ပြုပြင်ပြောင်းလဲရေး စီမံကိန်းများအကြောင်း၊ ညောင်ရမ်းမင်းသားနှင့် မြင်ကွန်းမင်းသားတို့၏ ပုန်ကန်ထကြွမှု၊ မြန်မာ့သမိုင်းတွင် ဂြိုဟ်မွှေခဲ့သော BBTCသစ်ကုမ္ပဏီ၊ ပြင်သစ်နှင့် အင်္ဂလိပ်တို့ သူတို့သြဇာ သက်ရောက်ရောက်ရန် ခြေရှုပ်ကြပုံ၊ စလေဒင် ဆင်ဖြူမရှင်နှင့် ထားဝယ်အရေးအခင်း၊ နောက်ဆုံး မန္တလေးကို သိမ်းပိုက်ပြီး အရှင်နှစ်ပါးကို ကြက်ငှက်များကဲ့သို့ အလွယ်တကူ ဖမ်းဆီးခဲ့ပုံ၊ သီပေါမင်း ရတနာဂိရိသို့ ပါတော်မူပြီးနောက် အိမ်တွင်းရေး အဖြစ်အပျက်များ၊ သီပေါမင်း၏ သားတော် သမီးတော်များအကြောင်း၊ ပဟေဠိဖြစ်နေသည့် ပြည်တန် ပတ္တမြားငမောက်ကိစ္စ၊ ဝန်းသိုနှင့် မြန်မာပြည်အနှံ့ရှိ မြန်မာ့တော်လှန်ရေးသမားများကို အင်္ဂလိပ်တို့ ရက်စက်စွာ နှိပ်နင်းခဲ့ပုံများကို ကွက်ကွက်ကွင်းကွင်း သိမြင်သွားစေမည့် စာအုပ်ဖြစ်သည်။ ခုနှစ်သက္ကရာဇ်၊ ဇာတ်ကောင် ဇာတ်ကွက်၊ အသေးစိတ်အချက်အလက်များ မှန်ကန်တိကျစေရန် ပြည်တွင်းပြည်ပ ကျမ်းကိုးကျမ်းကား မြောက်များစွာကို ရည်ညွှန်းပြုထားသည်ကိုလည်း တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|