|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဗန္ဓုလခံတပ်
-
-
Author(s):
တက္ကသိုလ်နန္ဒမိတ်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 258
- Binding: Paperback
- Publication Month Year: Aug-2009
- Size: 12 cm x 18 cm
|
- Description: သာမန် မထင်မရှား ကျေးတောသားကလေး မောင်ရစ် ဘဝမှ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့ပြီး အသက် ၃၁ နှစ်အရွယ်တွင် နေမျိုးသူရရဲခေါင်ဘွဲ့၊ ထိုမှတဖန် စစ်ကဲ၊ အလုံမြို့ဝန်၊ မင်းကြီးမဟာဗန္ဓုလဘွဲ့များဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော မဟာဗန္ဓုလအကြောင်းကို သူကျဆုံးခဲ့သော ဓနုဖြူခံတပ် တိုက်ပွဲအဓိက နောက်ခံထားကာ ဝတ္ထုတစ်ပုဒ်သဖွယ် ရေးသားထားခြင်းဖြစ်သည်။ ရက်ပေါင်း ၃ဝ အတွင်း တည်ဆောက်လိုက်သော ဓနုဖြူခံတပ်မှာ ခေတ်မီအင်ဂျင်နီယာကြီးများ၏ လက်ရာများကဲ့သို့ပင် အထူးချီးကျူးဖွယ် ကောင်းလှပါသည်ဟု မဟာဗန္ဓုလနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသော ကုလားဖြူ ဗိုလ်ချုပ်ကြီး ကင်းဘဲလ်၏ စစ်ဘက်အတွင်းဝန် မေဂျာစနော့ဒ်ဂရတ်(စ်)က ချီးကျူးခဲ့သည်။ ထိုခံတပ်သည် တစ်မိုင်မှ ရှည်၍ ကိုက် ၅ဝဝ မှ ၈ဝဝ အထိကျယ်သည်။ ရန်သူအင်အား မည်မျှ အင်အားကြီးစေကာမူ တစ်ရှိန်တည်းအားနှင့် ဖိ၍ တိုက်ဖျက်သော်လည်း ပြိုပျက်ခဲ့ခြင်း မရှိသည်မှာ ထိုခံတပ်၏ စိတ်ဝင်စားစရာကောင်းသော အချက်ပင်ဖြစ်သည်။ ထို့အပြင် ထိုခံတပ်အတွင်းတွင် ၃၂ ခန်းရှိသော စစ်သူကြီး မဟာဗန္ဓုလစံအိမ်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။ ထိုထို စိတ်ဝင်စားစရာ အချက်များနှင့် တည်ဆောက်ထားသော ဓနုဖြူခံတပ်အကြောင်းနှင့် ထိုခံတပ်မှာပင် အသက်ပေးစွန့် ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သော မဟာဗန္ဓုလအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|