|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဆယ်စုနှစ် တစ်ခုအတွင်း တေးသီချင်းပေါင်း မြောက်မြားစွာကို ရေးဖွဲ့ခဲ့ပြီး တေးသီချင်းများကို ရေးဖွဲ့ရာတွင် စကားလုံးသုံးစွဲမှု၊ သံစဉ်တေးသွား၊ နှံ့စပ်ကျွမ်းကျင်မှု၊ ဂီတစာဆို၏ စေတနာနှင့် ရည်ရွယ်ချက်တို့ကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့သည့် ဂန္ထဝင်ဂီတစာဆိုတော်ကြီး ရွှေတိုင်ညွန့်အကြောင်းနှင့် သူ၏ ထင်ရှားလက်ရာများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ၁၉ဝ၉ ခုနှစ်တွင် မွေးဖွားခဲ့၍ အသက် ၃၆ နှစ်အရွယ်ရောက်ချိန် ဂျပန်ခေတ်တွင် ကွယ်လွန်ခဲ့သော ဂီတစာဆို ရွှေတိုင်ညွန့်၏ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားခြင်းလည်း ဖြစ်သည်။ မြန်မာယဉ်ကျေးမှု၊ မဟာဗုဒ္ဓဝင်၊ ဇာတ်တော်ကြီးနှင့် ၅၅ဝ နိပါတ်၊ သဘာဝတောတောင်ဘွဲ့၊ အချစ်မေတ္တာဘွဲ့၊ ဇာတိမာန် လှုံ့ဆော်ရေးတေး စသည်ဖြင့် သီချင်းများစွာကို ရေးဖွဲ့သကဲ့သို့ အဖွဲ့အနွဲ့နှင့် တေးသွားပိုင်းတွင်လည်း သီဆိုရလွယ်ကူသော တေးသွား၌ ခေတ်ဆန်ဆန် စာသားရိုးရိုးကလေးများဖြင့် တန်ဆာဆင်ကာ နားဆင်သူပရိသတ်ကို ညှို့ငင်ဖမ်းစားနိုင်ခဲ့သည့် သူ့ဘဝအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ မြန်မာ့ဂီတ မြတ်နိုးသူများ ထာဝစဉ်သိမ်းဆည်းထားနိုင်ရန် တစ်အုပ်လုံးကို စက္ကူချောနှင့် သပ်ရပ်စွာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|