|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းမှပေးစာများ
-
-
Author(s):
လူထုဦးလှ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 354
- Binding: Paperback
- Publication Month Year: Nov-2009
- Size: 12 cm x 19 cm
|
- Description: လူထုဦးလှသည် ဖ.ဆ.ပ.လခေတ်က ပုဒ်မ ၅ ဖြင့် ထောင်ထဲတွင် ၃ နှစ်ကျော် အကျဉ်းကျခံခဲ့ရာ ထိုကာလအတွင်း မန္တလေးတွင် ကျန်ရစ်ခဲ့သည့် လူထုဒေါ်အမာနှင့် သားသမီးများအား အခါအားလျော်စွာ စာရေးသား ပေးပို့ခဲ့သည်။ ထိုစာများကို စုစည်း၍ ယခုကဲ့သို့ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ စာများတွင် ထောင်တွင်း အတွေ့အကြုံများ၊ ဘဝတူ ထောင်သားများ၏ ပြောပြချက်များ၊ အနယ်နယ် အရပ်ရပ်မှ ထောင်သားတို့၏ ဘဝအတွေ့အကြုံများ၊ လူလားမမြောက်သေးသော လူထုဦးလှ၏ သားသမီးများကို ပညာ၏ အရေးပါပုံများ သိရှိစေရန် နှင့် လိမ္မာရေးခြားရှိစေရန် မှာကြားချက်များကို ဖတ်ရှုကြရမည်ဖြစ်သည်။ ဘားလမ်းအချုပ်နှင့် ရန်ကုန်ထောင်၊ နတ်ပြည်နှင့် ငရဲပြည် တစ်နေ့တာ၊ လတ်သခင်နှင့် ဒုတိယသမီးတော်၊ ထောင်တွင်း ဘောလုံးပွဲများ၊ အုတ်ရိုးနှင့် စာချုပ်ထားသူများ၊ မြို့မဆရာငြိမ်းနှင့် မိတ်ဆွေများ၊ ဗိုလ်ချုပ်အောင်ဆန်း၊ မစ္စတာနေရူး၏ ထောင်တွင်းမှ စာများကို ဘာသာပြန်ပေးသူထံသို့၊ ရခိုင်ပုံပြင်ကလေးများ၊ ရခိုင်သားချော့ သီချင်းကလေးများ၊ အာမခံငွေ ၃ဝဝဝ တောင်း၍ ၁၂၄ (က)နှင့် ဆရာကြီး ရွှေဥဒေါင်းကိုဖမ်း၊ တန်ခိုးကြီးဘုရင်နှင့် အာဏာရှင်များ၊ သူခိုး ဓားပြ ပူနေတယ်ဆိုလို့အပါအဝင် စာပေါင်း ၅၁ စောင်ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|