|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဂေါတမ မြတ်စွာဘုရား ဘုရားမဖြစ်ခင် ဖြစ်ခဲ့သော ဘဝပေါင်း ၅၅ဝ (အတိအကျဆိုသော် ၄၉၇ ဇာတ်)ကို အပြည့်အစုံ အကျယ်သိရှိလိုသူများအတွက် ညောင်ကန်ဆရာတော်သည် ငါးရာငါးဆယ်ဇာတ်ဝတ္ထုစာအုပ်ကြီးများကို ရေးသားစီရင်ခဲ့ရာ စကားပြေအရေးအသား ရှင်းလင်းလွယ်ကူခြင်း၊ ဂါထာပါဠိ နိဿယများပါရှိသဖြင့် တရားဟော ဓမ္မကထိကများ ကိုးကားနိုင်ခြင်းတို့ကြောင့် လူသိများထင်ရှားခဲ့သည်။ ယခုစာအုပ်သည် ထိုငါးရာငါးဆယ်ဇာတ်ဝတ္ထုစာအုပ်ကြီးများကို အုပ်သေးများအဖြစ်ခွဲ၍ စီစဉ်ထုတ်ဝေလိုက်ခြင်းဖြစ်ပြီး ကဏှဇာတ်(အတုမဲ့ဖြစ်အောင် ဆောင်နိုင်သောနွားအကြောင်း)၊ မုနိကဇာတ် (သေအံ့သောထမင်းကို စားသည့် အကြောင်း)၊ ကုလာဝကဇာတ်(၃၃ ယောက်သော လုလင်ကောင်းတို့အကြောင်း)၊ နစ္စဇာတ် (အရှက်အကြောက်ကင်း၍ အကျိုးယုတ်သူအကြောင်း)၊ မမ္မောဒမာနဇာတ် (ခိုက်ရန်ဖြစ်ခြင်း၏ အကျိုးမဲ့ပုံအကြောင်း)၊ မစ္ဆဇာတ် (ငါး ငိုကြွေးသည့် အကြောင်း)၊ ဝဋ္ဋကဇာတ်(မီးကွင်းစေသော ငုံးငှက်အကြောင်း)၊ သကုဏဇာတ်(ကျောင်းမီးလောင်သော ရဟန်းအကြောင်း)၊ တိတ္တိရဇာတ် (ရိုသေမှုရှာ ဆင်, မျောက်, ခါအကြောင်း)၊ ဗကဇာတ် (ပုစွန်ကြံတတ် ဗျိုင်းလည်ပြတ် သည့်အကြောင်း)၊ နန္ဒဇာတ်(ဥစ္စာကြောင့် မာန်တက်သည့် ကျွန်အကြောင်း)၊ ခဒိရင်္ဂါရဇာတ်(အလှူ၌ ရဲရင့်သော သူဌေးအကြောင်း)၊ လောကသဇာတ်(ဝန်တိုသူ၏ ဘဝဆိုးပုံအကြောင်း)၊ ကပေါတဇာတ်(လျှပ်ပေါ်သောကျီး၏ အသက်ဆုံးပုံအကြောင်း) အစရှိသည့် ဇာတ်တော် ၁၄ ဇာတ် ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|