|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ပါဋလိပုတ္တဂါမ
-
-
Author(s):
တောမှီရဟန်း
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 57
- Binding: Paperback
- Publication Month Year: Jul-2009
- Size: 13 cm x 18 cm
|
- Description: ရှေးယခင်က ဗုဒ္ဓဘာသာတရားတော်မြတ်ကို နိုင်ငံတကာသို့ ပျံ့နှံ့အောင် ကြိုးစားအားထုတ်ရာ မင်းနေပြည်တော်လည်းဖြစ်၊ အသောကမင်းနှင့် အရှင်မဟာမောဂ္ဂလိတိဿတို့ သာသနာပြုရာ ပဓာနဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံရှိ ရှေးအခေါ် ပါဋလိပုတ္တ၊ ယခုအခေါ် ပဋန(Patna)မြို့နှင့် ပတ်သက်သည့် အချက်အလက်များကို ပြုစုရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် ထိုမြို့နှင့် ပတ်သက်၍ တရုတ်ရဟန်းတော် ဖာဟိယန် မှတ်တမ်းတင်ခဲ့သည့် မှတ်တမ်း၊ ပထဝီအချက်အလက်များ၊ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် မဂဓတိုင်း၏ မြို့တော်သည် ရာဇဂြိုဟ်မှ ၎င်း ပါဋိလိပုတ်သို့ ပြောင်းရွှေ့သွားပုံ၊ ဂင်္ဂါမြစ်၏ လှေဆိပ်၊ သဘောဆိပ်(ပဋန)အနီးတည်ဆောက်ထားသော မြို့ဖြစ်သောကြောင့် “ပဋန”မြို့ဟု ခေါ်ဆိုပုံ၊ မြို့တည်ခြင်း၊ မြို့ပျက်ခြင်းနှင့် ပတ်သက်၍ မြတ်စွာဘုရားလက်ထက်ကပင် ကြိုတင်ဗျာဒိတ်ပေးခြင်း ခံခဲ့ရပုံ၊ အသောကမင်းသည် ၎င်းမြို့တွင် တတိယသံင်္ဂါယနာ တင်ခဲ့ပုံနှင့် အခြား သိသင့်ဖွယ် အချက်များကို ရှာဖွေပြုစုပေးထားသည်။ ထို့ပြင် ၎င်းမြို့ဟောင်းသို့ စာရေးသူ သွားရောက်ခဲ့စဉ်က အတွေ့အကြုံနှင့် မြင်ကွင်းများကိုလည်း ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|