|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ၁၉၈၆ ခုနှစ်ခန့်က တစ်ဖက်နိုင်ငံ၏ ရုပ်ဝတ္ထုပစ္စည်းများ ပုံအောရရှိထားသော ဗကပတို့သည် နယ်မြေဒေသတစ်နေရာတွင် လက်နက်ခဲယမ်းမီးကျောက်များကို ပုံအောသုံးစွဲလိုက်ပြီး တိုက်ပွဲဖော်ထုတ်၍ ဒေသသစ်တစ်ခု ရအောင်ယူကာ ကျဆင်းနေသော စစ်ရေးသြဇာ ပြန်လည်ထူထောင်ရန်ဟူသော အကြံဖြင့် “နိုင်စစ်ဆင်ရေး” စတင်ခဲ့သည်။ ပွဲဦးထွက်အဖြစ် စီစီဝမ်၊ တာပန်ဒေသကို ဝင်ရောက်စီးနင်း တိုက်ခိုက်သည်။ သို့သော် တပ်မတော်၏ ခုခံကာကွယ်မှုနှင့် ပြန်လည်ထိုးစစ်ကြောင့် ပြန်လည်ဆုတ်ခွာသွားရသည့်အပြင် မုံးပေါ်၊ ကြူကုတ်(ပန်ဆိုင်း)၊ မန်ဟီရိုးစသည့် စခန်းကြီးများကိုပါ ဗကပတို့ လက်လွှတ်ခဲ့ရသည်။ စီစီဝမ် တာပန်တိုက်ပွဲမှာ ၃ လတာမျှ ကြာမြင့်ခဲ့ပြီး ထိုတိုက်ပွဲအတွင်း ဗကပတို့သည် သူတို့၏ (၁ဝ) နှစ်စာ ခဲယမ်းမီးကျောက်များကို အကုန်ထုတ်သုံးခဲ့သည်။ တိုက်ပွဲသည် အလွန်ပြင်းထန်သောကြောင့် ဗကပ ၁ဝဝဝ ကျော် သေကျေခဲ့ပြီး ထို့နောက်တွင် ဗကပတပ်ရင်းဖွဲ့စည်းပုံ အသီးသီးမှာ ပျက်သွားခဲ့ရသည်။ မြောက်ပိုင်းဗျူဟိုမှ ဗဟိုကော်မတီဝင် စိုင်းအောင်ဝင်းက “ဒီတိုက်ပွဲကြီးက ကျွန်တော်တို့အတွက် ဆန်သုံးဆန် ဆုံးရှုံးသွားတာပဲ၊ တစ်ကတော့ စားတဲ့ဆန်၊ နှစ်ကတော့ ပိုက်ဆံ၊ သုံးကတော့ ကျည်ဆံပဲ”ဟု ဝန်ခံခဲ့သည်။ ထိုစီစီဝမ် တာပန်တိုက်ပွဲဖြစ်စဉ်အတွင်း ဗျူဟာမှူးကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲဖြစ်စဉ် အစအဆုံးကို ကွပ်ကဲခဲ့သူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဗိုလ်မှူးကြီးကိုလေး(အငြိမ်းစား)က တိုက်ပွဲနှင့် ပတ်သက်၍ နောက်ခံသမိုင်းနှင့်တကွ တိုက်ပွဲအကြောင်းအသေးစိတ်ကို ဤစာအုပ်တွင် အသေးစိတ်ပုံဖော်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|