|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗိုလ်ချုပ်ကြီး ဝီလီယံစလင်းနှင့် မြန်မာပြည်တိုက်ပွဲစဉ်များ
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 316
- Binding: Paperback
- Publication Month Year: Oct-2010
- Size: 12 cm x 18 cm
|
- Description: ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ဘက်စစ်မျက်နှာစာတွင် ဂျပန်တို့သည် အင်္ဂလိပ်နှင့် အမေရိကန်ကို စစ်ကြေငြာကာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာစသည့်နိုင်ငံများကို စစ်မျက်နှာဖွင့် စတင်တိုက်ခိုက်ခဲ့သည်။ မြန်မာပြည်စစ်မျက်နှာပြင်၌ အင်္ဂလိပ်နှင့် စစ်ဦးဘီလူးဂျပန်တို့ စတင်တိုက်ပွဲဖြစ်သည့် အချိန်ကပင် အင်္ဂလိပ်တို့သည် ရှုံးနိမ့်ခဲ့ပြီး မြန်မာပြည်မှ ဆုတ်ခွာခဲ့ရသည်။ စစ်ကဏ္ဍကြီး ၄ ရပ်တွင် ခွာစစ်သည် အခက်ဆုံးဖြစ်သည်ဟု ဆိုကြရာ ပြေးပြီးရင်း ပြေးနေကြရသော အင်္ဂလိပ်တပ်များကို ထိန်းရန် အိန္ဒိယတာဝန်ခံ ဗိုလ်ချုပ်ကြီး ဝေဗယ်လ်နှင့် ဗြိတိသျှ နန်းရင်းဝန်ကြီးချာချီတို့ ပူးပေါင်းတိုင်ပင်ကာ လူရှာခဲ့ကြသည်။ ထိုအခါတွင် သွေးအေးအေးနှင့် တပ်ကို ထိန်းနိုင်သူ၊ သမာသမတ်ရှိသူ၊ ခွာစစ်ကျွမ်းကျင်သူ ဗိုလ်ချုပ်ကြီး ဝီလီယံစလင်းကို အာဖရိကစစ်မြေပြင်၌ တွေ့ရှိလိုက်ကြသည်။ ထို့ကြောင့်လည်း သူ့ကို အသစ်ဖွဲ့စည်သော အမှတ် ၁ မြန်မာ့တပ်မကြီး၏ တပ်မမှူးကြီးအဖြစ် ခန့်အပ်၍ ခွာစစ်ကို ဦးစီးခိုင်းခဲ့သည်။ သူကလည်း ပြဿနာရပ်များကို ခေါင်းအေးအေးနှင့် စဉ်းစားကာ ဖြေရှင်းခဲ့သည်။ ခွာစစ်အတွင်း သူသည် လူ့ဂွစာ ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် တည့်အောင်ပေါင်းခဲ့သလို မိမိထင်မြင်ရာကို စွတ်ရွတ်လုပ်တတ်သည့် ဝင်းဂိတ်ကဲ့သို့ လူမျိုးကိုလည်း ထိန်းကာ ခိုင်းရင်း ပေးအပ်လိုက်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြောင်း ပြသနိုင်ခဲ့သည်။ ယခုစာအုပ်တွင် စလင်း၏ ခွာစစ် ဆင်သွားပုံနှင့် မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်လာချိန် တိုက်စစ်၌ ကြည်း ရေ လေ ပူးပေါင်းကာ အနိုင်တိုက်သွားနိုင်ခဲ့ပုံများကို စစ်ရေးဗျူဟာ သုံးသပ်ချက်များနှင့်တကွ အသေးစိတ် တင်ပြရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|