|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Gordon Brownရေးသားသည့် Courage Eight Portraitsစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေးတွင် သူ့ကိုယ်ပိုင် သတ္တိကို အစွမ်းကုန် အသုံးချခဲ့သူ မင်ဒဲလား၊ ပြည်သူများ၏ ရပိုင်ခွင့်အတွက် သူ့ကိုယ်ပိုင် သတ္တိကို ပြခဲ့သူ မာတင်လူသာကင်း၊ ရက်စက်ကြမ်းကြုတ် ယုတ်မာလွန်းသော အခြေအနေတွင် ခရစ်ယာန်များ၏ တန်ဖိုး မကျသွားစေရေးအတွက် သတ္တိရှိရှိ ရပ်တည်ခဲ့သည့် လွန်ဟိုးဗွား၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်နေခိုက် ဟန်ဂေရီဂျူးများကို ကယ်ဆယ်၍ သူ၏ သတ္တိကို ဖော်ထုတ်ခဲ့သူ ဝေါလင်းဘတ်၊ ထွက်ပြေးလွတ်မြောက်လာသော စစ်ပြေးအကျဉ်းသားများကို ကယ်ဆယ်ရေးအတွက် အလွန်ကြီးမားသော အန္တရာယ်များ ဝိုင်းဝိုင်းလည်နေသည့် ကြားကပင် ခြင်္သေ့စိတ်မျိုးဖြင့် လှုပ်ရှားခဲ့သူ အဲဒစ် ကာပဲ၊ သေလုခါနီး လူနာများအား ပိုဂရုစိုက်နိုင်ရေးအတွက် တာရှည် တာမျော ဇွဲခတ် ကြိုးပမ်းခဲ့သူ စစ္စလီ ဆောင်းဒါး၊ သူ့အသက်အတွက် အလွန်အန္တရာယ်ကြီးမှန်း သိလျက်နှင့်ပင် အမေရိကန်ပြည်ထောင်တွင် သစ်လွင်သည့် ပြည်သူ့အာဏာအပ်နှင်းရေးအတွက် မနားမနေ လုံးပမ်းအားထုတ်ရင်း သတ္တိကို ဖော်ထုတ်ခဲ့သူ ရောဘတ် ကနေဒီ၊ ဆယ်စုနှစ် ၂ ခုမျှကြာအောင် အကျယ်ချုပ်ဘဝဖြင့် နေထိုင်ရင်း ကောင်းဆိုနှစ်တန် ဝေဖန်ပိုင်းခြားနိုင်သော ခံနိုင်ရည်ပြည့်ဝသည့် အမျိုးသမီးအဖြစ် ပြသနိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် စသည့် စသည့် ဆေးလောက၊ နိုင်ငံရေးလောက၊ လူမျိုးရေးလောက၊ ဘာသာရေးလောက၊ ယဉ်ကျေးမှုလောက၊ စစ်လောက၊ အတွေးအခေါ်လောကများတွင် တန်ဖိုးအကြီးဆုံးသော ရည်မှန်းချက် ပန်းတိုင်အတွက် အသက်ကို လုံးဝမငဲ့ကွက်ဘဲ ရုန်းကန်လှုပ်ရှား ကြိုးပမ်းလှုပ်ရှားခဲ့ကြသည့် ရဲရဲတောက် အမျိုးသား အမျိုးသမီး ၈ ယောက်အကြောင်းကို ဤစာအုပ်တွင် မှတ်တမ်းတင် ဂုဏ်ပြုရေးသားထားသည်။ မြန်မာပြန်ဆိုထားသည့် ဤစာအုပ်မှာ ယခင်အကြိမ်ထုတ်တွင် မပါဝင်သေးသော ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ဖြည့်စွက်လျက် ဒုတိယအကြိမ်မြောက်အဖြစ် ဖြည့်စွက်ပုံနှိပ်ထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|