|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗိုလ်ချုပ်ကြီးရွမ်းမဲလ်နှင့် ဂါဇာလာတိုဘရပ်တိုက်ပွဲ
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 336
- Binding: Paperback
- Publication Month Year: Apr-2011
- Size: 13 cm x 18 cm
|
- Description: ဒုတိယကမ္ဘာစစ်ဖြစ်ပြီး တစ်နှစ်ကျော်ကြာသည့်အချိန်၌ ဟစ်တလာ၏ မဟာမိတ် အီတလီသည် မြောက်အာဖရိကတိုက်ပွဲစဉ်များတွင် အရှုံးကြီး ရှုံးနေသဖြင့် ဟစ်တလာ စစ်ကူတောင်းရာ ဟစ်တလာက ဗိုလ်ချုပ် ရွမ်းမဲလ်အား ရွေးချယ်စေလွှတ်ခဲ့သည်။ သူသည် သူ့ထက် အင်အား လေးငါးဆ သာလွန်သည့် ဗြိတိသျှတို့ကို ရင်ဆိုင်ပြီး ဗြိတိသျှတို့၏ အုပ်ချုပ်ထောက်ပံ့မှု Logisticsများ ပြုလုပ်ပေးနေသည့် တိုဘရပ်ခံတပ်ကြီးကိုလည်း အကြိမ်ကြိမ် လုပ်ကြံပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ သူကို ဂရုပြုမိစေသည့် ထိုတိုက်ပွဲတွင် ဗြိတိသျှဗိုလ်ချုပ်ကြီး ကလော့ပါးကို အရှင်ဖမ်းမိနိုင်ခဲ့သည့်အပြင် သုံ့ပန်း ၃ သောင်းကျော်နှင့် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ပါ လက်ဝယ်ရရှိခဲ့သည်။ သူသည် နောက်ပိုင်းတွင် ဗြိတိသျှ ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီနှင့် ထိပ်တိုက်တွေ့ခဲ့ရမှ အုပ်ချုပ်ထောက်ပံ့မှု မပြည့်စုံမှုကြောင့် ဆက်တိုက်အရေးနိမ့်ပြီး အရှုံးပေးခဲ့ရသည်။ နောက်ပိုင်းတွင် ဟစ်တလာကို မနှစ်မြို့သူများ၊ အာခံသူများက ဟစ်တလာကို ဗုံးဖောက် လုပ်ကြံဖယ်ရှားပြီး ရွမ်းမဲလ်ကို ခေါင်းဆောင်တင်ရန် ကြိုးစားကြရမှ ဟစ်တလာမသေဘဲ ရွမ်းမဲလ်သည် ဟစ်တလာ၏ အမိန့်ဖြင့် သူ့ကိုယ်သူ သတ်သေခဲ့ရသည်။ ဤစာအုပ်တွင် ရွမ်းမဲလ်၏ ဘဝနှင့်တကွ သူ့ဘဝတစ်လျှောက် တွေ့ကြုံခဲ့ရသည့် တိုက်ပွဲများ၊ ဟစ်တလာနှင့် အနီးကပ်နေခဲ့ရပုံများ၊ နောက်ဆုံးချိန် မြင်ကွင်းများကိုပါ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|