|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မင်းတုန်းမင်းလက်ထက်က ဆင်ဖြူကျွန်းဆရာသင်ဆိုသူသည် မေတ္တာစာများဖြင့် ထင်ရှားသူတစ်ဦးဖြစ်သည်။ သူသည် မေတ္တာစာများ ရေးသားရာ၌ မေတ္တာကို ရှေ့ထားပြီး အတို့အထိကလေးတွေ၊ အဆိတ်အဆွကလေးတွေ ထည့်သွင်းကာ ရေးစပ်သည့်အတွက်ကြောင့် မလိုသူများ၏ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရသည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့အား လုပ်ကြံသည့် ကိစ္စဖြစ်လာချိန်၌ သူ့ကို မလိုလားသူတို့သည် သူအား ဖမ်းချုပ်ကာ မျက်စိနှစ်ဘက်လုံးကို ဓားဦးချွန်ဖြင့် ခြစ်ခြင်းဖြင့် သူ့ကို မျက်မမြင်ဘဝသို့ ရောက်ရှိစေခဲ့သည်။ သူသည် အင်္ဂလိပ်ပိုင်နက် အောက်မြန်မာပြည်သို့ ထွက်ပြေးခဲ့ပြီး မြစ်ဝကျွန်းပေါ်မြို့များ၌ လှည့်လည်ကာ ရုပ်သေးဆရာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ရသည်။ ယခုစာအုပ်တွင် သူ၏ မေတ္တာစာများအကြောင်းရေးသားထားသည့် ဆောင်းပါးအပါအဝင် မြန်မာစာပေ အဖွဲ့အနွဲ့ဆိုင်ရာ ဆောင်းပါး ၁၃ ပုဒ်ကို ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|