|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မုံရွာမြို့ အရှေ့လယ်တီတိုက် ပဓာနနာယကဆရာတော်ဖြစ်သူ ဆရာတော်က ဤကျမ်းစာအုပ်တွင် ဘက်စုံဗဟုသုတများ တစ်အုပ်တည်း တစ်နေရာတည်းတွင် ဖတ်ရှုကိုးကားနိုင်အောင် အားထုတ်ရေးသားပြုစုထားသည်။ ကျမ်းအမည် “မဟာသုတဒီပနီ”၏ အဓိပ္ပာယ်မှာ (မဟာ ကောင်းမြတ်ကုန်သော + သုတ ကြားနာမှတ်သားဖွယ် ဗုဒ္ဓ ဓမ္မ သံဃာ အကြောင်းအရာတို့ကို + ဒီပနီ ယေဘူယျအားဖြင့် ပြဆိုရာဖြစ်သောကျမ်း)ဟု ဆိုလိုသည်။ စာအုပ်ပါ အကြောင်းအရာတို့မှာ ကျမ်းပြုဆရာတော် တွေ့ထိထားသမျှ သုတရသစုံများ၊ ကြည့်သမျှ ကျမ်းစာဗဟုသုတများ၊ ဆွေးနွေးမေးမြန်း၍ရသော ဗဟုသုတများ၊ စကားဝိုင်းများ၌ ပြန်လှန်ပြောဆို၍ ရရှိသော ဗဟုသုတများကို စုပေါင်း၍ တင်ပြထားခြင်းဖြစ်သည်။ အပျို လူပျို (လွတ်လပ် / မလွတ်လပ်) လင်ရှိ / မရှိသူတို့ ကာမဆက်ဆံရာမှတ်ဖွယ်၊ အရိယာတို့ မကြောက်သော ဘေး (၅) မျိုး၊ အိပ်ခြင်း (အိပ်ပုံ) ၄ မျိုး၊ ကမ္မဋ္ဌာန်းအားထုတ်ရာဌာန ၉ ပါး၊ ကမ္ဘာမီးလောင်သောအခါ နေ ၇ စင်း ထွက်ပုံနှင့် ဗုဒ္ဓနိမိတ်ပြ ကြာရုံကြာပွင့်ပေါ်ပုံ၊ တရားအားထုတ် လူရှင်ရဟန်းအတွက် အနှောင့်အယှက် (၁ဝ) ပါး၊ ဓုတင်ဆောက်တည်သော ရဟန်းအမျိုးအစား ၅ ပါး၊ တုံဂိုဏ်း, ရုံဂိုဏ်း ကွဲပြားရာ၌ မှတ်ဖွယ်၊ နိမိတ်အတိတ်, တပေါင်, စနည်း, ဘဝေါ, သိုက်တို့၏ သဘောမှတ်ဖွယ်၊ ဗုဒ္ဓကိစ္စ ၅ ပါး၊ သေခါနီး၌ အာရုံနိမိတ်ထင်ပုံ၊ ထိုအာရုံများကို ပြောင်းပေးနိုင်ပုံ၊ ကံအကျိုးပေးပုံ၌ မှတ်ဖွယ် အပါအဝင် အကြောင်းအရာပေါင်း၊ အမေးအဖြေပေါင်း ၃ဝဝ ကျော်ပါရှိသည်။ ကျမ်းပြုဆရာတော်သည် ဤစာအုပ် ၃ တွဲဖြင့် ၂ဝဝ၁ ခုနှစ်၊ ဗုဒ္ဓစာပေ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|