|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မလွယ်သောနေ့ (အိုစမာဘင်လာဒင်ကို လုပ်ကြံသော နေဗီဆီလ်းဇာတ်လမ်း)
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 182
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 14 cm x 20 cm
|
- Description: အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်၏ နေအိမ်ကို ဝင်ရောက်စီးနင်း၍ အိုစမာဘင်လာဒင်အား အသေဖမ်းခဲ့သည့် စစ်ဆင်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ “မက်ဘစ်ဆင်နက်”က ကလောင်အမည် “မတ်အိုဝင်”အမည်ဖြင့် “No Easy Day”ဟူသော စာအုပ်ကို ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာအုပ်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့တွင် ကမ္ဘာကို ဖြန့်ချိခဲ့ရာ ကမ္ဘာ့ရောင်းအကောင်းဆုံး နံပါတ် ၁ စာအုပ်အဖြစ် စံချိန်တင်ခဲ့သည်။ ထိုစာအုပ် ဖြန့်ချိပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က သူ့ကို အမေရိကန်တပ်မတော်၏ လျှို့ဝှက်သဘောတူညီချက်များနှင့် ဥပဒေကို ချိုးဖောက်ခဲ့မှုတို့ဖြင့် စွဲချက်တင်ရန် စီစဉ်ခဲ့ကြသည်။ သူသည် SEAL တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် စစ်ဆင်ရေးပေါင်း ရာနှင့် ချီ၍ ဆင်နွှဲခဲ့သူဖြစ်သည်။ အိုစမာဘင်လာဒင် စစ်ဆင်ရေးတွင်လည်း အိုစမာဘင်လာဒင်ပုန်းအောင်းနေသော အဆောက်အအုံ၏ တတိယထပ်သို့ ပထမဆုံးဝင်ရောက်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။ ဘင်လာဒင် သေဆုံးကြောင်းကိုလည်း မျက်မြင်တွေ့ခဲ့သူဖြစ်သည်။ ယခုစာအုပ်တွင် သူ SEAL တပ်ဖွဲ့သို့ စတင်ရောက်ရှိချိန်မှ စတင်ကာ အိုစမာဘင်လာဒင်စစ်ဆင်ရေး ပြီးဆုံးချိန်အထိ သူ၏အတွေ့အကြုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ မူရင်းစာအုပ်နှင့် ပတ်သက်၍ လော့စ်အင်ဂျလိစ်တိုင်းမ်း သတင်းစာက “အရေးပါပြီး တန်ဖိုးရှိသော သမိုင်းဝင်မှတ်တမ်း”ဟု လည်းကောင်း၊ ဘွတ်ခ်ရီဗျူး စာအုပ်ဝေဖန်ချက်မဂ္ဂဇင်းက “အစမှ အဆုံး လက်ကမချနိုင်လောက်အောင် စွဲမက်စေတဲ့ အကြောင်းအရာနှင့် အရေးအသားကို ချီးကျူးပါသည်”ဟူ၍ လည်းကောင်း၊ ရီးဒါး(စ်)ချွိုက်(စ်) စာစောင်က “အကောင်းဆုံး ကြယ်ငါးပွင့်အဆင့် စာအုပ်”အဖြစ်လည်းကောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|