|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ် (အနောက်ကမ္ဘာ၏နိဂုံးနှင့် ဂလိုဘယ်ဝါစဉ်အသစ် မွေးဖွားခြင်း)
-
-
Author(s):
ဌေးနိုင်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 450
- Binding: Paperback
- Publication Month Year: Jan-2018
- Size: 14 cm x 21 cm
|
- Description: Martin Jacques ရေးသားသည့် When China Rules The World (The End of The Western World And The Birth of A New Global Order) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် တရုတ်ပြည်၏ သဘောသဘာဝကို သမိုင်းနှင့် ယှဉ်၍ ပစ္စုပ္ပန်နှင့် ချိန်ထိုးကာ ခြေခြေမြစ်မြစ် လေ့လာသုတေသနပြုထားသော စာအုပ်ဖြစ်သည်။ တရုတ်ပြည် အခြေမြင့်လာခြင်းနှင့် ဆက်စပ်ကာ ဂျပန်နှင့် အာရှကျားများအကြောင်း၊ တစ်ချိန်က ကြီးစိုးခဲ့သည့် ဥရောပအကြောင်း၊ ယနေ့ ကမ္ဘာကို ကြီးစိုးဆဲဖြစ်သည့် အမေရိကန်ပြည်ထောင်စုအကြောင်း စသည်ဖြင့် အင်အားကြီး တိုင်းပြည်များ၏ အောင်မြင်ခြင်း၊ ကျဆုံးခြင်း ခရီးစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် အနာဂတ်တွင် မဟာအင်အားကြီးနိုင်ငံဖြစ်လာမည့် တရုတ်ပြည်၏ နိုင်ငံတကာ ဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများနှင့် ဆက်ဆံရေးတွင် မည်သို့ ပြုမူလာမည်နည်းဟူသော မေးခွန်းနှင့် ပတ်သက်၍ အကောင်းဆုံးအဖြေများကို တွေးဆနိုင်ရန် တင်ပြထားသည်။ စာအုပ်နှင့် ပတ်သက်၍ ဥရောပ တွေးခေါ်ပညာရှင် ဂျွန် ဂရေးက “နှစ်ပေါင်းများစွာအတွင်း ထုတ်ဝေခဲ့သော တရုတ်ပြည်အကြောင်း စာအုပ်များအနက် အကောင်းဆုံးဖြစ်သည်။” ဟူ၍လည်းကောင်း၊ ဟားဗတ်တက္ကသိုလ်မှ နီးလ်ဖာဂူဆန်က “တရုတ်ပြည် အခြေမြင့်တက်လာခြင်းကား ကျွနု်တို့ခေတ်အခါအတွက် အောချရမည့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ရပ်ပါပေ။ ဤကဏ္ဍမျိုး မာတင်ဂျာ့က်စ်ကဲ့သို့ နက်ရှိုင်းသည့် အတွေးအခေါ် ရှင်းရှင်းလင်းလင်း နားလည်စေမည့် သုံးသပ်မှုများဖြင့် ရေးသားနိုင်သူမှာ အနည်းအကျဉ်းသာ ရှိပါသေးသည်။”ဟု ညွှန်းဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|