|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ၅၃ ရက် ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲတွင် ကျဆုံးသွားသော ကိုကိုးကျွန်းသူရဲကောင်းအာဇာနည် (၈) ဦးနှင့် ကျွန်းအမှတ်တရ ပုံရိပ်များ
-
-
Author(s):
ကလောင်စုံ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 340
- Binding: Paperback
- Publication Month Year: 2013
- Size: 15 cm x 21 cm
|
- Description: ဖဆပလ အစိုးရခေတ်က ဆိုရှယ်လစ်ပါတီခေါင်းဆောင် သခင်သာခင်ကစခဲ့သော ကိုကိုးကျွန်းအကျဉ်းထောင် စီမံကိန်းသည် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်သို့ ရောက်သောအခါ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူများအတွက် လူမသိ သူမသိထောင်စခန်းတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းအကျဉ်းစခန်းတွင် အကျဉ်းထောင်တို့၏ သဘာဝအတိုင်း ဖိနှိပ်မှုအတွက် စနစ်တကျ ပြင်ဆင်ထားသလို ဖိနှိပ်ညှင်းပန်းမှု၊ သွေးစုပ်မှု၊ မတရားမှုများကို ဗြောင်ကျကျ လုပ်ဆောင်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးသည့်နောက်တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအင်အားစုများကို ဖမ်းဆီးထိန်းသိမ်း၍ ၎င်းတို့အနက်မှာ ၂၃၃ ဦးကို ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ရာ ကျွန်းပေါ်ရောက်ရှိခဲ့ကြသည့် ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်များသည် ငါးပိပုပ် အစာငတ်ခံတိုက်ပွဲ၊ ရက် ၄ဝ အစာငတ်ခံတိုက်ပွဲနှင့် နောက်ဆုံး ကိုယ်ထူကိုယ်ထဖျက်သိမ်းရေး၊ ကိုကိုးကျွန်းဖျက်သိန်းရေး (၅၃) ရက်ကြာ အစာငတ်ခံတိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ အဆုံးသတ်တွင် ရဲဘော် ၈ ဦးကျဆုံးခဲ့ပြီး ရလဒ်အြုဖစ် ကိုကိုးကျွန်း အကျဉ်းထောင်ကို အပြီးတိုင် ဖျက်သိမ်းပေးခဲ့ရသည်။ နိုင်ငံရေး ယုံကြည်မှု၊ ညီညွတ်မှုနှင့် ပိုင်းဖြတ်မှုရှိရှိ တိုက်ပါက မည်သို့သော ဖိနှိပ်ချုပ်ချယ်မှု၊ ကန့်သတ်မှုမျိုးကိုမဆို အောင်ပွဲရကြောင်းကို ကိုကိုးကျွန်းတိုက်ပွဲက နိုင်ငံရေးဥပမာကောင်းအဖြစ် ပေးထားနိုင်ခဲ့သည်။ ယခုစာအုပ်သည် ကိုကိုးကျွန်း အကျဉ်းထောင်ကို ဖျက်သိမ်းစေခဲ့သည်အထိ ဖြစ်စေခဲ့သော ၅၃ ရက် ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ကိုယ်တိုင်ပါဝင်ခဲ့ကြသူများက မှတ်တမ်းတင် ရေးသားထားကြခြင်း ဖြစ်သည်။ ကိုကိုးကျွန်းပေါ်ရောက် အကျဉ်းသားများ၏ ဘဝနှင့်တကွ အသက်ပေးခဲ့သည်အထိ ပြင်းထန်ခဲ့သည့် အစာငတ်ခံတိုက်ပွဲအကြောင်း အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|