|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- စူပါပါဝါ (တရုတ် “ယုန်”နှင့် အိန္ဒိယ “လိပ်” အပြေးပြိုင်ပွဲ)
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 277
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 19 cm
|
- Description: ၂၁ ရာစုတွင် စူပါပါဝါနိုင်ငံများ ဖြစ်လာကြမည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြောင်းကို ဘက်စုံထောင့်စုံမှ သုံးသပ်ရေးသားထားသော စာအုပ်ဖြစ်သည်။ ၎င်း နှစ်နိုင်ငံသည် လူဦးရေ များခြင်း၊ စီးပွားရေးတိုးတက်မှုနှုန်း မြန်ခြင်း အစရှိသည့် တူသည့်အချက်များရှိသော်လည်း မတူသည့်အချက်များလည်း အမြောက်အမြားပင် ဖြစ်သည်။ တရုတ်က အရှေ့အာရှကို သြဇာညောင်းသော်လည်း အိန္ဒိယကမူ တောင်အာရှကို သြဇာပိုညောင်းသည်။ တရုတ်သည် ကွန်မြူနစ်နိုင်ငံဖြစ်သော်လည်း အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် တိုင်းလျှင် အတော်ပင် နိမ့်ကျလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံတွင်ကား လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်များသည် နိုင်ငံအများ၏ အတုယူဖွယ်ပင် ဖြစ်ခဲ့သည်။ လက်ရှိအနေအထားအရ တရုတ်၏ စီးပွားရေး တိုးတက်နှုန်းသည် အရှိန်မြင့်နေသော်လည်း အိန္ဒိယကား အနည်းငယ် နှေးလျက်ရှိသည်။ တစ်နည်းအားဖြင့် ယုန်နှင့် လိပ်ပုံပြင်၌ တရုတ်သည် ယုန်နှင့် တူ၍ လိပ်သည် အိန္ဒိယနှင့် တူသည်။ သို့သော် “ပထဝီနိုင်ငံရေး”ဆိုသည်မှာ မည်သည်ကိုမျှ ကံသေကမ္မ သတ်မှတ်၍ မရချေ။ ထိုသို့ အခြေအနေ အရပ်ရပ်ခြင်း မတူသည့် နှစ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများအကြောင်းနှင့် မည်သည့်နိုင်ငံက စူပါပါဝါဖြစ်နိုင်သည်ကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|