|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံ၏ ဓာတ်မှန်ပညာလောကကို ဦးဆောင်လမ်းညွှန်မှု ပေးခဲ့သူ၊ “ဓာတ်မှန်ပညာ၏ ဖခင်”ဟု တင်စားခေါ်ဆိုလောက်သူ ဆရာကြီး ဒေါက်တာဦးကျော်အောင်သည် “A Turbulent Life” ဟူသော သူ၏ ဘဝဖြစ်စဉ်စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ရာ ဆရာကြီးရေးသားခဲ့သည့် စာအုပ်နှင့် ဒေါက်တာကျော်မြင့် (ဓာတ်မှန်)၏ ဘာသာပြန်ဆိုချက်ကို တွဲဖက်ကာ ယခုစာအုပ်တွင် လေ့လာဖတ်ရှုကြရမည် ဖြစ်သည်။ တစ်ချိန်က အာရှတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုစေလောက်အောင် လျှမ်းလျှမ်းတောက်စေခဲ့သည့် စစ်ပြီးခေတ် မြန်မာနိုင်ငံ ဆေးလောက၏ ကနဦး ဦးဆောင်ခဲ့သူများတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဆရာကြီးက သူ၏ မွေးရပ်မြေ ဇာတိအကြောင်း၊ သူ၏ မိသားစုအကြောင်း၊ ဂျပန်ခေတ် ဖြတ်သန်းခဲ့ရပုံ၊ အခက်အခဲ အမျိုးမျိုးကြားမှ ပညာသင်ကြားခဲ့ရပုံ၊ ဓာတ်မှန်ဆရာဝန်တစ်ဦး မည်သို့ ဖြစ်လာပုံ၊ WHO ပညာင်ဆုရရှိခဲ့ပြီး ကနေဒါနှင့် အင်္ဂလန်တွင် ပညာသင်ကြားခဲ့ပုံ၊ သို့သော် ဗိုလ်ချုပ်နေဝင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ပြည်တွင်း၌ မငြိမ်မသက်မှုများ ကသောင်းကနင်း ဖြစ်ပွားနေစဉ်ကာလ ဓာတ်မှန်ဌာန၏ အမြင့်ဆုံးရာထူးကို ရရှိပြီးနောက် ခေတ်စနစ်၏ အရှုပ်အထွေးများကြားဝယ် မြေစာပင်ဖြစ်ကာ ထောင်သွင်းအကျဉ်းချခြင်းခံခဲ့ရပုံ၊ ဗိုလ်ချုပ်နေဝင်းက သူ့ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် သိက္ခာချခဲ့ပုံ၊ ဘဝလောကဓံလှိုင်းတံပိုးကြားဝယ် ကြမ်းတမ်းခက်ထန်စွာ ဖြတ်သန်းခဲ့ရပုံများကို စာအုပ်တွင် မယုံနိုင်ဖွယ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|